Connect with us

Hi, what are you looking for?

News

ဘုတလင်တိုက်ပွဲ စစ်ကောင်စီတပ် ၂၀ထက်မနည်းသေ

ကျဆုံးသွားသူသည် ကိုဖိုးသားဟု လူသိများသူဖြစ်ပြီး အသက်(၃၀)အရွယ်ခန့် ရှိပြီဟု ၎င်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

(ဂဠုန်တပ်တော်မှ သိမ်းဆည်းရမိသည့် လက်နက်များကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ ကူတော်ရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက် ပေးခဲ့သည့် ကေအိုင်အေမှ အရာရှိတစ်ဦးနှင့် PDF ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

ကူတော်ရဲစခန်းအား ဒီပဲယင်းနှင့် ဘုတလင်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ဧပြီ ၈ရက်ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းတစ်ခု လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

“ကျွန်တော်တို့ဘက်က တစ်ဦးကျတယ်။ ကျွန်တော့်သူငယ်ချင်း။ စခန်းကို သိမ်းပြီး အောင်ပြီးလို့ လက်နက်တွေကို ကောက်နေတဲ့အချိန်မှာ ရဟတ်ယာဥ် နဲ့ လာပစ်ချိန်ထိသွားတာ”ဟု ၎င်းက ပြောသည်။

(ဂဠုန်တပ်တော်မှ သိမ်းဆည်းရမိသည့် လက်နက်များကို တွေ့ရစဥ်)

ကျဆုံးသွားသူသည် ကိုဖိုးသားဟု လူသိများသူဖြစ်ပြီး အသက်(၃၀)အရွယ်ခန့် ရှိပြီဟု ၎င်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုနေ့ညတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့နှင့်အတူ ပူးပေါင်း တိုက်ခိုက် ပေးခဲ့သည့် ကေအိုင်အေမှ ဗိုလ်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟု ကချင်သတင်းရစ်မြစ်အချို့က ပြောသည်။

ကေအိုင်အေ၏ အမှတ်စဉ်(၆) ဗိုလ်လောင်း ကျောင်းဆင်းဖြစ်ပြီး ကလေးတစ်ဦး ၏ ဖခင်ဖြစ်သော ဗိုလ်အွန်ဆောင်းမွန်းအောင်သည် ဘုတလင်တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်ဟု ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

KIA အရာရှိတစ်ဦးကျဆုံးသည်ဆိုသည့် ရေးသားချက် နှင့်ပတ်သက်၍ KIA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ ၎င်းက “မကြားတောင် မကြားဘူး” ဟု ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ ဘာမှ သတင်းမရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်​ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်-ကေအိုင်အေသည် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အတူ နည်းမျိုးစုံ တိုက်ထုတ်သွားမည်ဟု လူထုအား အသိပေးထားပြီး တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ သိုသိုသိပ်သိပ်နေလေ့ရှိသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့တော်လှန်ရေးတွင် ကေအိုင်အေက ပူးပေါင်းပါဝင် တိုက်ခိုက်နေသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ဖူးခြင်းမရှိပေ။

ကူတော်ရဲစခန်းအား စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့ကယနေ့(ဧပြီ၁၀ရက်)
နံနက်အထိ သတင်းအသေးစိတ် မထုတ်ပြန်သေးပေ။ သို့သော် မဟာမိတ်အဖွဲ့တွင် ပါဝင်ခဲ့သည့် ဒီပဲယင်းမြို့ အခြေစိုက် ဂဠုန်တပ်တော်က တိုက်ပွဲ နောက်ဆက်တွဲခြေအနေတစ်ခုကို သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၈ ရက်ညက တိုက်ပွဲတွင် ထွက်ပြေးလာသည့် ကူတော်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ကို ဂဠုန်တပ်တော်တပ်ရင်း (၁)၏ တပ်စုတစ်စုက ဧပြီ ၉ရက် နေ့လယ်၁နာရီခန့်တွင် သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ G3 ၊မောင်းပြန် ရိုင်ဖယ် ၄လက်နှင့် လက်နက်ခဲယမ်းအချို့ ရရှိခဲ့သည်ဟု ဂဠုန်တပ်တော်က ထုတ်ပြန်ထားသည်။

ထပ်မံရရှိ​သောသတင်းအရ ကူ​တော်ရဲစခန်းသိမ်းတိုက်ပွဲတွင် KIA အရာရှိတစ်ဦးကျဆုံးသည်ဆိုခြင်းမှာ မဟုတ်​ကြောင်း ဒီပဲယင်းPDF မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။ဒီပဲယင်း PDF မှကိုသားကြီး အခြားတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကအတည်ပြုသည်။

(ဧပြီ ၁၀ ရက်နံနက် ၁၁ နာရီ ၅၀ မိနစ်တွင်ထပ်မံဖြည့်စွက်ပြင်ဆင်ထားပါသည်)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ