Connect with us

Hi, what are you looking for?

News

ဖရူဆိုမြို့နယ် ယနေ့နံနက်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေဟု KNDF ပြော

ဧပြီပထမပတ်အတွင်း တိုက်ပွဲများတွင်လည်း ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နှင့် ကဒါးလား ကျေးရွာအကြားတွင် လွိုင်ကော်မှ ဖရူဆိုသို့ ရိက္ခာပို့မည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၁၅ က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာ ဒေါညေခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် ယမန်နေ့ နံနက် ၈နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်‌မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

မတ်လ နောက်ဆုံးပတ်ကစ၍ ဖရူဆိုမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်လျှက်ရှိ၍ တိုက်ပွဲများနေ့စဥ်နီးပါး ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဧပြီပထမပတ်အတွင်း တိုက်ပွဲများတွင်လည်း ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နှင့် ကဒါးလား ကျေးရွာအကြားတွင် လွိုင်ကော်မှ ဖရူဆိုသို့ ရိက္ခာပို့မည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့တိုက်ခိုက်ခဲ့သည်။

ထိုယာဥ်တန်းနှင့် စစ်ကောင်စီ၏မြေပြင်တပ်များသည် ကဒါးလားကျေးရွာနှင့် ဘုရားစေတီများတွင် တပ်စွဲထားရာ ၄နာရီကျော်အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေးဦး ကျဆုံးခဲ့သည်။

အလားတူ ထီးသော်ကူးကျေးရွာအနီး၊ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးအတွင်း ဖြတ်သန်း သွားနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဥ်တန်းကို KNDFမှ ပြောက်ကျား တိုက်ခိုက်ခဲ့သည်။

ဧပြီ ၇ ရက် နံနက် ၉ နာရီတွင် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးတွင် စစ်ကြောင်းထိုးပြီး လမ်းကင်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း KNDF က ခုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။