Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုမြို့နယ် ယနေ့နံနက်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေဟု KNDF ပြော

ဧပြီပထမပတ်အတွင်း တိုက်ပွဲများတွင်လည်း ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နှင့် ကဒါးလား ကျေးရွာအကြားတွင် လွိုင်ကော်မှ ဖရူဆိုသို့ ရိက္ခာပို့မည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၁၅ က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာ ဒေါညေခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် ယမန်နေ့ နံနက် ၈နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်‌မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

မတ်လ နောက်ဆုံးပတ်ကစ၍ ဖရူဆိုမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်လျှက်ရှိ၍ တိုက်ပွဲများနေ့စဥ်နီးပါး ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဧပြီပထမပတ်အတွင်း တိုက်ပွဲများတွင်လည်း ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နှင့် ကဒါးလား ကျေးရွာအကြားတွင် လွိုင်ကော်မှ ဖရူဆိုသို့ ရိက္ခာပို့မည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့တိုက်ခိုက်ခဲ့သည်။

ထိုယာဥ်တန်းနှင့် စစ်ကောင်စီ၏မြေပြင်တပ်များသည် ကဒါးလားကျေးရွာနှင့် ဘုရားစေတီများတွင် တပ်စွဲထားရာ ၄နာရီကျော်အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေးဦး ကျဆုံးခဲ့သည်။

အလားတူ ထီးသော်ကူးကျေးရွာအနီး၊ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးအတွင်း ဖြတ်သန်း သွားနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဥ်တန်းကို KNDFမှ ပြောက်ကျား တိုက်ခိုက်ခဲ့သည်။

ဧပြီ ၇ ရက် နံနက် ၉ နာရီတွင် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးတွင် စစ်ကြောင်းထိုးပြီး လမ်းကင်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း KNDF က ခုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။