Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို

ရွေးကောက်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဘဝတွင် မရှိမဖြစ်လိုအပ်သော အခိုက်အတန့်ဖြစ်ပြီး ရွေးကောက်ပွဲများမှတစ်ဆင့် ပြင်သစ်နိုင်ငံသားများသည် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ရန်နှင့် ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်သည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြသူများအား အား​ပေးစကား​ပြောကြား​နေသည့် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီးအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️မြန်မာပြည်သူများနှင့်အတူ မားမတ်စွာရပ်တည်ကြောင်းထုတ်ပြန်

မြန်မာ့ဒီမိုကရေစီလုပ်ငန်းစဉ်ပြန်လည်ထူထောင်ရေးကို တောင်းဆိုရင်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သော မြန်မာပြည်သူများနှင့်အတူ မားမတ်စွာရပ်တည်ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁၀ ရက်)သည် ပြင်သစ်သမ္မတရွေးကောက်ပွဲ ပထမနေ့ ဖြစ်ပြီး ရန်ကုန်မြို့ ပြင်သစ်သံရုံး၌ မဲရုံတစ်ခုဖွင့်လှစ်ထားကာ မြန်မာနိုင်ငံရှိ ပြင်သစ်နိုင်ငံသားများကို မဲပေးခွင့်ပြုမည်ဟု ဆိုသည်။

ရွေးကောက်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဘဝတွင် မရှိမဖြစ်လိုအပ်သော အခိုက်အတန့်ဖြစ်ပြီး ရွေးကောက်ပွဲများမှတစ်ဆင့် ပြင်သစ်နိုင်ငံသားများသည် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ရန်နှင့် ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီစံနှုန်းများသည် ပြည်သူ့ဘဝတွင် နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ မြှင့်တင်ရေးနှင့် လူသားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အာမခံကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက မြို့တစ်မြို့မှာ ဆန္ဒပြသူတွေ မီးတင်ရှို့ခဲ့တာကြောင့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံတစ်ခု မီးလောင် ပျက်စီးသွားခဲ့ပါတယ်။