Connect with us

Hi, what are you looking for?

News

ပုလဲနှင့် မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စောင့်ကြို တိုက်ခိုက်ခံရပြီး ၂၀ကျော်သေဟု ဗိုလ်ဂျပန်ပြော

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၁ရွာကို လှည့်လည်စစ်ကြောင်းထိုးနေသည် အင်အား ၆၄ဦးပါ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဧပြီ ၂ ရက်ကစ၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပုလဲနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီ တပ်ကို စောင့်ကြိုတိုက်ခိုက်မှုများတွင် ၂၃ဦးသေဆုံးသည်ဟု ပြည်သူ့တော် လှန်ရေးတပ်မတော်ဦးဆောင်သူ ဗိုလ်ဂျပန်က People’s Springသို့ ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၁ရွာကို လှည့်လည်စစ်ကြောင်းထိုးနေသည် အင်အား ၆၄ဦးပါ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဧပြီ ၂ ရက်ကစ၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ စခတွေဝင်တဲ့ရွာတွေကို စောင့်ကြည့်တယ်။ပြီးတော့ သူတို့ဘယ် လမ်းကြောင်းက ထွက်လာမယ်ဆိုတဲ့ ဗျူဟာတွေချပြီး စောင့်တိုက်ခဲ့တာ”ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

ယနေ့(ဧပြီ ၁၁ရက်) ကန့်ဒေါင်းရဲစခန်းသို့ စစ်ကောင်စီတပ်သား ၄၁ဦးသာ ပြန်လည်ရောက်ရှိ ခဲ့ပြီး ၎င်းတို့အနက်ရှစ်ဦးသည် ပုလဲမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော စစ်ကောင်စီတပ်သားများကို ကျေးရွာများရှိနေအိမ်များနှင့် အတူ မီးရှို့ခြင်းနှင့် သဂြိုလ်ခြင်းများပြုလုပ်ခဲ့ကြောင်း PRAက အသိပေးသည်။

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ တပ်ခွဲပေါင်း ၁၁ခုအထိအသုံးပြုခဲ့ပြီး ပုလဲနှင့် မြိုင်မြို့နယ်များမှ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲဝင် ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ ကြောင်းလည်း ဗိုလ်ဂျပန်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။