Connect with us

Hi, what are you looking for?

News

က​လေးမြို့ မြောက်ပိုင်းစစ်​ရေးတင်းမာ​နေ၍လက်ပံ​ချောင်းလမ်းအသုံးပြု​သောပြည်သူများသတိထားရန် PDFသတိ​ပေး

ကလေးမြို့နယ်၊ မြောက်ပိုင်းတွင် အမှတ် ၈ တပ်ရင်း၊ Zomi PDFက အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ (ဧပြီ ၁၃ရက်) မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

(ဇိုးမီးPDF တပ်ဖွဲ့ဝင်တစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-ဇိုးမီးPDF)

●က​လေးမြို့ ​မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား​နေ

ကလေးမြို့မြောက်ပိုင်းတွင်စစ်ရေးတင်းမာလာမူကြောင့် ကလေးမြို့ တာဟန်မှလက်ပံချောင်းလမ်းမကြီးကို ပြည်သူများဖြတ်သန်းသွားလာအသုံးပြုပါကသတိပြုကြရန် PဇိုမီးPDF(က​​လေး)က ယနေ့ထုတ်ပြန်လိုက်သည်။

ကလေးမြို့နယ်၊ မြောက်ပိုင်းတွင် အမှတ် ၈ တပ်ရင်း၊ Zomi PDFက အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ (ဧပြီ ၁၃ရက်) မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

“ကလေးမြို့နယ် မြောက်ပိုင်းမှာ အမှတ်(၈)တပ်ရင်းZomi PDF၊ ရဲဘော်များ ပွဲကနေကြပါပြီ သတိရဆုတောင်းပေးကြပါဗျ”ဟု PDF (ဇိုမီး) က ယနေ့မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် အင်တာနက်နှင့်ဖုန်းလိုင်းအချို့ပြတ်တောက်​နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အာ့ဘက်မှာ လမ်း​တော့ ခဏပိတ်ထားတယ်​ပြောတယ်။ အင်တာနက်​ကော၊ဖုန်းလိုင်း​ကော မရ​တော့ အ​သေးစိပ်မသိ​သေး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ထိုအတူ ရိန်းဂျားကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်(RKDF)ကလည်း ကလေးမြို့နယ်တွင် ယခုရက်ပိုင်းတွင် တိုက်ပွဲများ အချိန်မရွေး၊ နေရာမရွေးဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် အသွားအလာဂရုစိုက်ကြပါရန် မေတ္တာရပ်ခံထားသည်။

ထိုပြင်ဧပြီလ(၁၂)ရက်၊ ညနေ(၆)နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာတွင် ဒေသခံပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို နတ်ချောင်းရွာစာသင်ကျောင်းအနီးတွင် RKDF ၊ PDF Kalay ၊ နခ(သူရိန်)ပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

တာဟန်း သပိတ်ဖြိုခွဲခံရသည့်တနှစ်ပြည့် ဧပြီ၇ ရက်ကစတင်ပြီး ကလေးဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည်။

အကြမ်းဖက်စစ်ကောင်စီက ကလေးမြို့တာဟန်းသပိတ်ကို ၂၀၂၁ ဧပြီ ၇ရက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြ​နေ​သောပြည်သူ၅ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။