Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ် ပြည်​တော်သာ​ကျေးရွာအနီးတွင်တိုက်ပွဲပြင်းထန်​နေ

လက်ရှိတိုက်ပွဲသည် ကလေးမြို့မြောက်ဘက် ပြည်တော်သာ၊ အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာ များတွင် တဝှိုက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွား​နေသဖြင့် ပြည်တော်သာကျေးရွာနှင့်အနီးအနားရှိ ကျေးရွာ ၆ရွာဒေသခံ ၁၀၀ကျော်က ဘေးလွတ်ရာထွက်ပြေးနေရသည်ဟု ဒေသခံများကဆက်​ပြောသည်။

(စစ်​ကောင်စီက ဧပြီ ၁၂ တွင် သိမ်းဆည်းခဲ့​သောစခန်းကို ယ​နေ့ ​ဒေသခံကာကွယ်​ရေးတပ်များက ပြန်လည်သိမ်းပိုက်ရန်တိုက်ခိုက်​နေသည်)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာအနီးတွင် အဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့(ဧပြီ ၁၃ ရက်) မနက် ၁၀ ခန့်မှစတင်ပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယမန့်နေ့(ဧပြီ ၁၂ ရက်)က ကလေးမြို့အနောက်မြောက်တွင်ရှိသည့် PDF(ကလေး) ၊ တပ်ရင်း ၃ ၏စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ထားခြင်းကြောင့် ယနေ့တွင် ဒေသခံကာကွယ်ရေးတပ်များက စခန်းကို ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်​နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“လက်စားချေဖို့တိုက်နေတယ်လို့ပြောကြတယ်။ မနက်ကတည်းက လက်နက်ကြီးသံတွေ အကျယ်ကြီးကြားနေရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

လက်ရှိတိုက်ပွဲသည် ကလေးမြို့မြောက်ဘက် ပြည်တော်သာ၊ အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာ များတွင် တဝှိုက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွား​နေသဖြင့် ပြည်တော်သာကျေးရွာနှင့်အနီးအနားရှိ ကျေးရွာ ၆ရွာဒေသခံ ၁၀၀ကျော်က ဘေးလွတ်ရာထွက်ပြေးနေရသည်ဟု ဒေသခံများကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်က PDF(ကလေး) တပ်စခန်းတစ်ခုကို သိမ်းဆည်းခဲ့ပြီး စခန်းထဲမှ ၁ လုံးထိုး သေနတ် ၁၁ လက်၊ ၂လက်မ စိန်ပြောင်း ၁လက်၊ စိန်ပြောင်း ဗုံးသီး ၅လုံး၊ PRG ဗုံးသီး စသည့်တို့သိမ်းဆည်းနိုင်ခဲ့သည်ဟု စစ်​ကောင်စီဝါဒဖြန့် မီဒီယာများကထုတ်ပြန်ထားသည်။

ယမန့်က တိုက်ပွဲတွင် PDF(ကလေး) မှ ထောက်ပို့တပ်သားနှစ်ဦးအနက် တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး ကျန်တစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသတွင်းမီဒီယာများတွင်ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုစခန်းကို ချင်းပြည်နယ်ဘက်မှ ပတ်ဝင်ပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။