Connect with us

Hi, what are you looking for?

News

ပြည်​တော်သာရွာတိုက်ပွဲနှင့် က​လေးမြို့​ထွေအုပ်ရုံး တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်သား ၁၀ဦး​သေဟု PDF က​လေး​ပြော

တိုက်ပွဲကို PDF ကလေး ၊ ဇိုမီး PDF၊ PDA၊ CNDF၊ CDM(စီးယင်း)နှင့် (ပ.က.ဖ)အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သင်္ကြန်အကြို့နေတွင် စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပြည်တော်သာရွာတိုက်ပွဲနှင့် ကလေးမြို့အထွေ​ထွေအုပ်ရေးဦးဌာနရုံး တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကြောင်း PDF ကလေးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁၂ရက်တွင် PDF ကလေး တပ်ရင်း(၃)စခန်းကို ဝင်ရောက်တိုက်ခိုက်မှုကို လက်စားချေတုန့်ပြန်မှုအနေဖြင့် ကလေးမြို့ပေါ်နှင့် ပြည်တော်သာရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF ကလေး၏ ထုတ်ပြန်ချက်တွင် ​ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကလေးမြို့အနောက်မြောက်ပိုင်း ပြည်တော်သာရွာနှင့် ကျောက်တိုက်ရွာနှင့်စည်တော်ဦးရွာတို့ကို အင်အား၃၀၀ရှိ စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ဆင်လာခဲ့ပြီး ထိုစစ် ကြောင်း နှစ်ကြောင်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က နံနက် ၁၀နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲသည် ပြည်တော်သာရွာအနီးတွင် ညနေ၃နာရီအထိ ဖြစ်ပွားပြီး PDF ကလေး ဘက်မှ သုံးဦးကျဆုံးကာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးခဲ့သည်ဟုလည်း PDF ကလေးက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကို PDF ကလေး ၊ ဇိုမီး PDF၊ PDA၊ CNDF၊ CDM(စီးယင်း)နှင့် (ပ.က.ဖ)အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီက PDF(ကလေး) တပ်ရင်း(၃)စခန်းကို အင်အား ၁၅၀ခန့်ရှိသော စစ်ကောင်စီတပ်သား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF ကလေးက ဆို သည်။

ထိုအတူ PDF ကလေး တပ်ရင်း(၃)ကို ဝင်ရောက်သိမ်းပိုက်မူကို လက်စားချေသည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် ကလေးမြို့ ထွေအုပ်ရုံးနှင့် အကြမ်းဖက်စစ်တပ်၏ ဒေသကွပ်ကဲရေးဌာနချုပ် (ကလေး)နှင့် ထောက်ပို့တပ်များကို PDF ကလေးက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ကလေးမြို့ တောင်ဇလပ်ရပ်ကွက်ရှိ စစ်ကောင်စီထွေအုပ်ရုံးကို ညနေ ၅နာရီမှ ၅နာရီခွဲအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးခဲ့သည်ဟု PDF ကလေးက ထုတ်ပြန်သည်။

စစ်ကောင်စီထောက်ပို့တပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မူအတွက် အထိအခိုက်အကျအဆုံးကို မသိနိုင်ကြောင်းလဲ PDFကလေးက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook