Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုနယ်တွင် အ​ရေးယူ​ဆောင်ရွက်မည့် ပြစ်မှုသတ်မှတ်ချက်များ PDF ထုတ်ပြန်

“မူးယစ်ဆေးဝါး ကိစ္စကတော့ နဂိုကတည်းက ကျွန်တော်တို့ ဖိဖိစီးစီးနဲ့ ဖမ်းဆီးနေတယ်။အခုထပ်ပြီးဖြည့်စွက်တာတွေကတော့ မဖြစ်မနေလိုအပ်လို့ပါ”ဟု DMO Local PDF မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

(ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ - DMO Local PDF)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း အရေးယူဆောင်ရွက်သွားမည့် ပြစ်မှုသတ်မှတ်ချက်များကို ပြည်သူ့ကာကွယ်ရေးတပ်-DMO Local PDF က ယနေ့(ဧပြီ ၁၆ ရက်)တွင် ထုတ်ပြန်သည်။

ပြင်းထန်စွာအရေးယူမည့် ပြစ်မှုများအရ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိခြင်း၊သုံးစွဲခြင်း၊ရောင်းဝယ်ဖောက် ကားခြင်းနှင့် သယ်ဆောင်ခြင်းများ လုံးဝမပြုလုပ်ရန် ပါဝင်သည်။

(ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ – DMO Local PDF)

အလားတူ မသက်ာမှုဖြင့် တိုင်ကြားခံရပါက သက်ဆိုင် ရာတာဝန်ရှိသူများ၏ တာဝန်အရ စစ်ဆေးမေးမြန်းခြင်းကို ကြည်ဖြူစွာလက်ခံရမည်ဟု ဆိုသည်။

ထို့အပြင် အများပြည်သူပိုင် မော်တော်ယာဥ်များအပြင် အခြား မည်သည့်ပစ္စည်းဥစ္စာကိုမဆို ခိုးယူသိုဝှက်ခြင်း လုံးဝမပြုလုပ်ရန်နှင့် သက်ဆိုင်ရာ၏ ရှောင်တခင်စစ်ဆေးမှုများရှိလာပါကလည်း စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံပေးရန် သတိပေးသည်။

Public Service Announcement

Public Service Announcement

“မူးယစ်ဆေးဝါး ကိစ္စကတော့ နဂိုကတည်းက ကျွန်တော်တို့ ဖိဖိစီးစီးနဲ့ ဖမ်းဆီးနေတယ်။အခုထပ်ပြီးဖြည့်စွက်တာတွေကတော့ မဖြစ်မနေလိုအပ်လို့ပါ”ဟု DMO Local PDF မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

(ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ – DMO Local PDF)

ထို့အပြင် အခြားသောအဖွဲ့အစည်းများနှင့် ပူးပေါင်း ၍လည်း မူးယစ်ဆေးဝါးများအပြင် အခြားသော ပြစ်မှု ကျူးလွန်ခြင်းများကို ထင်ရှားစွာစစ်ဆေးနိုင်ရန် ဆောင် ရွက်သွားမည်ဟု အသိပေးသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ကရင်နီ(ကယား)ပြည်နယ်တွင် နေအိမ်စွန့်ခွာ၍ ထွက် ပြေးနေရသူ တစ်သိန်းခွဲကျော်တွင် ထက်ဝက်ခန့်မှာ ဒီးမော့ဆိုမြို့နယ်မှ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။