Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွာငံ​ဒေသတွင် တိုက်ပွဲများပြင်းထန်လာပြီး လက်နက်ခဲယမ်းလိုအပ်ချက်ရှိ​နေ၍ ​ထောက်ပံ့လှူဒါန်းကြရန် ​မေတ္တာရပ်ခံ

ပြည်သူ့ကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က ကျပ်သိန်း ၈၀ တန်ကြေးရှိ M16 သေနတ်နှစ်လက်၊ ကျပ်၆၅သိန်းတန်ကြေးရှိ AK 47 ကျည်နှင့် 5.56 ကျည် တောင့်ရေ နှစ်ထောင်နှင့် ယမ်းများလိုအပ်နေသည်ဟု အသေးစိတ် ထုတ်ပြန်အလှူခံထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာနေပြီး လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေ၍ ထောက်ပံ့လှူဒါန်းပေးကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က လူထုထံ မေတ္တာရပ်ခံသည်။

ရွာငံမြို့ပြပျောက်ကြားတပ်ဖွဲ့နှင့် တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၁၇ရက်) ပူးတွဲကြေကြာချက်ထုတ်ပြန်ကာ လူထုထံ အကူအညီတောင်းခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က ကျပ်သိန်း ၈၀ တန်ကြေးရှိ M16 သေနတ်နှစ်လက်၊ ကျပ်၆၅သိန်းတန်ကြေးရှိ AK 47 ကျည်နှင့် 5.56 ကျည် တောင့်ရေ နှစ်ထောင်နှင့် ယမ်းများလိုအပ်နေသည်ဟု အသေးစိတ် ထုတ်ပြန်အလှူခံထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံနှင့် ပင်းတယမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် မတ်လ နှောင်းပိုင်းကစတင်ကာ စစ်အာဏာရှင် ခုခံတော်လှန်ရေးအရှိန်မြင့်တက်လာနေသည်။ရွာငံတွင် ပြီးခဲ့သည့်ရက်အနည်းငယ်က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်။ စစ်ကောင်စီကိုတိုက်ခိုက်စဥ် ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦးကျဆုံးကာ တစ်ဦးဖမ်းဆီးခံထားရသည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးကပြော သည်။

Public Service Announcement

Public Service Announcement

” ဓနုဒေသကို ကရင်နီဒေသတို့စစ်ကိုင်းတို့လို ထိုးစစ်ဆင်ဖို့ စစ်တပ်က ဟန်ပြင်လာတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း အခက်အခဲတွေ့ကြားကနေ ခုံခံတော်လှန်နေပါတယ်။တိုက်ပွဲတွေက ပိုပြင်းထန်လာတော့မယ်။ပြည်သူတွေ ဒီထက်ပို ကူညီပံ့ပိုးကြဖို့ ကျွန်တော်တို့ မတ္တာရပ်ခံပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဓနုဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ လှုုဒါန်းထောက်ပံ့လိုပါက အောက်ပါ Link များသို့ ဆက်သွယ်နိုင်ပါသည်။

https://www.facebook.com/Voice-of-Pindaya-101556239035044/

https://www.facebook.com/Ye-Ngan-Urban-Guerrillas-106598041858187/

https://m.facebook.com/story.php?story_fbid=162228929511665&id=106374291763796

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။