Connect with us

Hi, what are you looking for?

News

ရွာငံ​ဒေသတွင် တိုက်ပွဲများပြင်းထန်လာပြီး လက်နက်ခဲယမ်းလိုအပ်ချက်ရှိ​နေ၍ ​ထောက်ပံ့လှူဒါန်းကြရန် ​မေတ္တာရပ်ခံ

ပြည်သူ့ကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က ကျပ်သိန်း ၈၀ တန်ကြေးရှိ M16 သေနတ်နှစ်လက်၊ ကျပ်၆၅သိန်းတန်ကြေးရှိ AK 47 ကျည်နှင့် 5.56 ကျည် တောင့်ရေ နှစ်ထောင်နှင့် ယမ်းများလိုအပ်နေသည်ဟု အသေးစိတ် ထုတ်ပြန်အလှူခံထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာနေပြီး လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေ၍ ထောက်ပံ့လှူဒါန်းပေးကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က လူထုထံ မေတ္တာရပ်ခံသည်။

ရွာငံမြို့ပြပျောက်ကြားတပ်ဖွဲ့နှင့် တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၁၇ရက်) ပူးတွဲကြေကြာချက်ထုတ်ပြန်ကာ လူထုထံ အကူအညီတောင်းခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က ကျပ်သိန်း ၈၀ တန်ကြေးရှိ M16 သေနတ်နှစ်လက်၊ ကျပ်၆၅သိန်းတန်ကြေးရှိ AK 47 ကျည်နှင့် 5.56 ကျည် တောင့်ရေ နှစ်ထောင်နှင့် ယမ်းများလိုအပ်နေသည်ဟု အသေးစိတ် ထုတ်ပြန်အလှူခံထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံနှင့် ပင်းတယမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် မတ်လ နှောင်းပိုင်းကစတင်ကာ စစ်အာဏာရှင် ခုခံတော်လှန်ရေးအရှိန်မြင့်တက်လာနေသည်။ရွာငံတွင် ပြီးခဲ့သည့်ရက်အနည်းငယ်က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်။ စစ်ကောင်စီကိုတိုက်ခိုက်စဥ် ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦးကျဆုံးကာ တစ်ဦးဖမ်းဆီးခံထားရသည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးကပြော သည်။

Public Service Announcement

Public Service Announcement

” ဓနုဒေသကို ကရင်နီဒေသတို့စစ်ကိုင်းတို့လို ထိုးစစ်ဆင်ဖို့ စစ်တပ်က ဟန်ပြင်လာတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း အခက်အခဲတွေ့ကြားကနေ ခုံခံတော်လှန်နေပါတယ်။တိုက်ပွဲတွေက ပိုပြင်းထန်လာတော့မယ်။ပြည်သူတွေ ဒီထက်ပို ကူညီပံ့ပိုးကြဖို့ ကျွန်တော်တို့ မတ္တာရပ်ခံပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဓနုဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ လှုုဒါန်းထောက်ပံ့လိုပါက အောက်ပါ Link များသို့ ဆက်သွယ်နိုင်ပါသည်။

https://www.facebook.com/Voice-of-Pindaya-101556239035044/

https://www.facebook.com/Ye-Ngan-Urban-Guerrillas-106598041858187/

https://m.facebook.com/story.php?story_fbid=162228929511665&id=106374291763796

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook