Connect with us

Hi, what are you looking for?

News

မန္တလေး – မုံရွာလမ်းပိုင်းပေါ်တွင် စစ်​ကောင်စီယာဥ်တန်း ပ​ဒေသာမိုင်းမိ

သင်္ကြန်အပြီးကာလနောက်ပိုင်း မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး ဧပြီ ၂၂ရက်ကလည်း အဆိုပါလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ​ခြောက်နေရာထက်မနည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

▪️ကားနှစ်စီးမှာ မိုင်းမိပျက်စီးသွား​ကြောင်း Black Eagle Defense Force-MMU အဖွဲ့ထုတ်ပြန်

မန္တလေး-မုံရွာလမ်းပိုင်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ငါးစီးပါယာဥ်တန်းအား ပ​ဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defense Force-MMU အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၄ရက်) နံနက် ၂နာရီခွဲအချိန်က မန္တလေး-မုံရွာလမ်းမကြီးပေါ်တက်လာသည့် အိမ်စီးကားသုံးစီးနှင့် ကန်တာကားကြီးနှစ်စီးဖြင့် စုစုပေါင်း ငါးစီးသည် ရှေ့ဆုံးကားသာမီးဖွင့်ပြီး နောက်ကားများမှာမီးပိတ်လိုက်ပါလာခဲ့ကြောင်း၊ ထိုယာဉ်တန်းမှာ မြင်းမူအနီးရှိ မိုင်းအားအကုန်ရှင်းလင်းခဲ့ပြီး ကားများကိုလမ်းလယ်​ပေါ်တက်ကာ မောင်းနှင်လာစဉ် ညာဘက်ခြမ်းတွင်ရှိသော ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- CHUPDF ၏ မိုင်းမိခံလိုက်ရ၍ ချက်ချင်းဆိုသလို လမ်းဘယ်ဘက်ခြမ်းသို့ ကပ်၍မောင်းစဉ် နတ်ရေကန်နှင့် ငါးယှန်ကြားတွင် တစ်စီးလျှင်အင်အား(၄၀)ခန့်ပါသည့် ကန်တာကား နှစ်စီးမှာ ပဒေသာမိုင်း (၁၆)လုံးတွဲမိုင်းများမိသွားခဲ့ကြောင်း Black Eagle Defense Force-MMU အဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများအနက် မိုင်း(၁၆)လုံးတွဲမိခဲ့သည့် ကားနှစ်စီးမှာပျက်စီးသွားခဲ့ပြီး အဆိုပါကားနှစ်စီးပေါ်တွင် အကြမ်းဖက်စစ်သားအင်အား ၃၀ကျော် ၄၀ခန့်ရှိသည်ဟု ရွာခံများထံမှသိရကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Eagle Defense Force-MMU အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ရာတွင် အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) -M2W ၏ ပဒေသာမိုင်း ပံ့ပိုးကူညီမှုဖြင့်မိုင်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီးမြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ -CRF(Myinmu)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ၊ (၂) တပ်ခွဲ (၃) Myaung Union Army-MUA ၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM နှင့် Black Eagle Defense Force-MMUတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ Black Eagle Defense Force-MMU အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

သင်္ကြန်အပြီးကာလနောက်ပိုင်း မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး ဧပြီ ၂၂ရက်ကလည်း အဆိုပါလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ​ခြောက်နေရာထက်မနည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။