Connect with us

Hi, what are you looking for?

News

ကော့​သောင်း၊ ရတနာပုံရွာတိုက်ပွဲ စစ်​ကောင်စီတပ် ၃ ဦး​သေ ၅ဦး​ပျောက်၊ လက်နက်ခဲယမ်းများရရှိ

ဧပြီ ၂၃ ရက် နှင့် ၂၄ ရက်နေ့က ပုလော နှင့် ထားဝယ်ဒေသတွင် စစ်ကောင်စီယာဥ်တန်း နှင့် နယ်မြရဲစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

(PDF များကသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ)

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ် ရတနာပုံကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိကြောင်း တနင်္သာရီဲစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က ယနေ့(ဧပြီ ၂၅ ရက်)ညတွင် ထုတ်ပြန်သည်။

ဧပြီ ၂၃ ရက်၊ ညနေ ၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ရောက် ရှိနေသည့် ရတနာပုံကျေးရွာတောတွင်းနေရာတစ်ခုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သည်။

ထို့နောက် မိနစ် ၃၀ အကြာတွင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့ရဲဘော်များက ပြန် လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၃ ဦး သေဆုံး၊ ၅ ဦးပျောက်ဆုံးပြီး လက် နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းများ သိမ်း ဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

Public Service Announcement

တိုက်ပွဲကို ကော့သောင်းခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းစစ်ကြောင်းက ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၂ နာရီ ကြာမြင့်ခဲ့ပြီး အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့သည်ဟု အသိပေးသည်“တရား​သောစစ်​သာ ​အောင်မြင်ကြပါစေ။ ကော့သောင်းအဖွဲ့ရဲ့ ပထမဦးဆုံးတိုက်ပွဲဖြစ်လို့ ဒေသခံPDFတွေ ဘေးကင်းကြပါစေ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ ရက်ကစ၍ တနင်္သာရီတိုင်း အတွင်း စစ်ကြောင်းလေးခုဖြင့် စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများကို လိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် စစ်ကောင်စီ ညွှန်ကြားစာထွက်ရှိ ပြီး နောက်ပိုင်း ထိတွေ့တိုက်ပွဲများ မကြာခဏ ရှိလာသည်။သို့​သော် အဆိုပါ ညွန်ကြားစာမှာ အတုဖြစ်​ကြောင်း​ပြောကြားမှု များဖြစ်​သော်လည်း စာအစစ်လား ၊အတုလားဆိုသည် ကို People’s Spring ကအတည်မပြုနိုင်ပါ။

ဧပြီ ၂၃ ရက် နှင့် ၂၄ ရက်နေ့က ပုလော နှင့် ထားဝယ်ဒေသတွင် စစ်ကောင်စီယာဥ်တန်း နှင့် နယ်မြရဲစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။