Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ မိန်းကလေးကို လှည့်ဖျားပြီး မုဒိမ်းကျင့်ခဲ့တဲ့ ထိုင်းတက္ကစီ ယာဉ်မောင်းကို ဖမ်းဆီးရမိ

ပြစ်မှု ကျူးလွန်သူ အဒီရက်ခ်ကို ဘန်ကောက်မြို့က ဗစ်တာ အထိမ်းအမှတ် ကျောက်တိုင်နားမှာ ရဲတွေက ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ သူဟာ အခုလ အစောပိုင်းက မိန်းကလေးကို မုဒိမ်းကျင့်ခဲ့တဲ့ မှုခင်းနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ဝရမ်းထုတ် ရှာဖွေခြင်းကို ခံနေရသူပါ။

ထိုင်းနိုင်ငံမှာ တက္ကစီမောင်းသူ တစ်ဦးက ဆယ်ကျော်သက် မြန်မာမိန်းကလေး တစ်ဦးကို လှည့်ဖျားခေါ်ဆောင်ပြီး မုဒိမ်း ကျင့်ခဲ့တဲ့အတွက် တရားစွဲဆို ခံထားရပါတယ်။

အသက် ၃၉ နှစ်အရွယ် အဒီရက်ခ် ဆေဘေဟာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်ကို အလုပ်ပေးမယ်လို့ လိမ်လည် ပြောဆိုပြီး မိုတယ် တစ်လုံးကို ညာခေါ်သွားခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် မိန်းကလေးကို လက်ထိတ်ခတ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သလို အဲဒီ လုပ်ရပ်ကို ဓာတ်ပုံရိုက်ယူထားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြစ်မှု ကျူးလွန်သူ အဒီရက်ခ်ကို ဘန်ကောက်မြို့က ဗစ်တာ အထိမ်းအမှတ် ကျောက်တိုင်နားမှာ ရဲတွေက ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ သူဟာ အခုလ အစောပိုင်းက မိန်းကလေးကို မုဒိမ်းကျင့်ခဲ့တဲ့ မှုခင်းနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ဝရမ်းထုတ် ရှာဖွေခြင်းကို ခံနေရသူပါ။

အဒီရက်ခ်ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး တစ်ဦးကို တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ အဓမ္မ မုဒိမ်းကျင့်မှု၊ လိမ်လည်မှု၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေ လက်ဝယ်ပိုင်ဆိုင်မှု အစရှိတဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်ရဖွယ် ရှိနေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆူရာချက်တီ ဟက်ခ်ပန်းက ပြောပါတယ်။

သားကောင် ဖြစ်ခဲ့ရှာတဲ့ မိန်းကလေးဟာ ဘန်ကောက်မှာ အလုပ်အကိုင် ရှာဖွေနေသူလို့ ဆိုပါတယ်။ ရဲတွေဆီ ထွက်ဆိုတဲ့ အခါမှာ မိန်းကလေးက သူဟာ ထိုင်းလို ရေးတတ်၊ ပြောတတ်တဲ့ အဒေါ်ကို အကူအညီတောင်းပြီး အလုပ်ရှာဖွေတဲ့ ပို့စ်တစ်ခုကို အွန်လိုင်းမှာ တင်ခဲ့ကြောင်း ပြောပြပါတယ်။

Facebookပေါ်က အဲဒီကြော်ငြာပို့စ်ကို ဖတ်မိသွားတဲ့ အဒီရက်ခ်က သူ့ကိုယ်သူ အလုပ်ရှင် တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး မိန်းကလေးကို အလုပ်ပေးနိုင်တယ်လို့ Comment ဝင်ရေးခဲ့ပါတယ်။ နောက်တော့ မိန်းကလေးကို ခေါ်ဖို့ တက္ကစီတစ်စီး လွှတ်ပေးလိုက်မယ်လို့ ကတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁ ရက်မှာတော့ အဒီရက်ခ်က ပန်းရောင် တက္ကစီ တစ်စီးကို မောင်းနှင်ပြီး အဒေါ်ဖြစ်သူရဲ့ အိမ်ကနေ မိန်းကလေးကို ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီကနေတဆင့် အလုပ်ရှင်ဆီ ခေါ်သွားပေးမယ်လို့ အဒီရက်ခ်က အယုံသွင်း ပြောဆိုခဲ့ပါတယ်။ မိန်းကလေးရဲ့ အဒေါ်ကလည်း သဘောရိုးပဲလို့ ယူဆပြီး မိန်းကလေးကို အသာတကြည် ထည့်ပေးလိုက်ပါတယ်။

အဲဒီနောက် အဒီရက်ခ်က ကားကို မိုတယ် တစ်ခုဆီ မောင်းသွားပြီး မိန်းကလေး အနေနဲ့ ကိုဗစ်ရောဂါ ရှိမရှိ ဆေးစစ်ဖို့ လိုတဲ့အတွက် အခန်းတစ်ခန်းထဲမှာ ခဏစောင့်ရမယ်လို့ ပြောခဲ့ပါတယ်။ နောက်တော့ ညပိုင်းကျမှ အခန်းထဲ ပြန်လာပြီး မိန်းကလေးကို လက်ထိတ်ခတ်၊ မုဒိမ်းကျင့်ခဲ့တာ ဖြစ်ပါတယ်။ စက်ဆုပ်စရာ အဲဒီလုပ်ရပ်ကိုလည်း အဒီရက်ခ်က ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ယူထားခဲ့ပါသေးတယ်။

ဒါ့အပြင် အဒီရက်ခ်ဟာ မိန်းကလေးရဲ့ မိုဘိုင်းဖုန်းနဲ့ ငွေသား ဘတ် ၅၀၀ ကိုပါ လုယူခဲ့ပါတယ်။ နောက်တော့ မိန်းကလေးကို ခလွန်တန် ရဲစခန်းထိ ခေါ်သွားပြီး ပတ်စ်ပို့တ် မရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူ တစ်ဦးကို ဖမ်းမိပြီး လာရောက် အပ်နှံကြောင်း ပြောကြားခဲ့ပါတယ်။ မိန်းကလေးကို ရဲစခန်းမှာ ထားခဲ့ပြီးတာနဲ့ အဒီရက်ခ်က ချက်ချင်း ခြေရာဖျောက်သွားခဲ့ပါတယ်။

နောက်ကျမှ ရဲတွေက စကားပြန် အကူအညီနဲ့ မိန်းကလေးကို မေးမြန်းတဲ့အခါ ဘာတွေ ဖြစ်ခဲ့လဲ သိသွားပြီး ဟွာမက်ခ် ရဲစခန်းမှာ အမှုဖွင့်စေခဲ့ပါတယ်။ တရားခံကို ရှာဖွေရာမှာ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ရဲ့ အမျိုးသမီးနဲ့ ကလေးငယ် ကာကွယ် စောင့်ရှောက်ရေး ယူနစ်နဲ့ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဌာနတွေက ဟွာမက်ခ် ရဲစခန်းနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အဒီရက်ခ် အဖမ်းခံရပြီး စွပ်စွဲချက် အားလုံးအတွက် အပြစ်ရှိတယ် ဆိုတာကို ရဲတွေဆီ ဝန်ခံခဲ့ပါတယ်။ သူက ဒါမျိုး ကျူးလွန်ဖူးတာ ပထမဆုံးပါလို့ ထွက်ဆိုပေမယ့် ရဲတပ်ဖွဲ့က မယုံကြည်ဘဲ အလားတူ ဖြစ်စဉ်တွေ ရှိဖူးသလား ဆိုတာကို စုံစမ်းနေပါတယ်။

မြန်မာ မိန်းကလေးဟာ ဘန်ကောက်ကို တရားမဝင် ရောက်ရှိနေတာ မှန်ပေမယ့် ရာဇဝတ်မှုကြီး တစ်ခုရဲ့ သားကောင် ဖြစ်ခဲ့ရှာတာမို့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မတွေနဲ့ စွဲချက် တင်တော့မှာ မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လောလောဆယ်တော့ မိန်းကလေးအတွက် လိုအပ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ကူညီမှုတွေကို လူမှုဝန်ထမ်း အဖွဲ့အစည်းတွေ၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး အာဏာပိုင်တွေက ကူညီ စီစဉ်ပေးနေတယ်လို့လည်း သိရပါတယ်။