Connect with us

Hi, what are you looking for?

News

YDFတိုက်ခိုက်၍ ဂန့်ဂေါမြို့ပေါ်၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးသေ

အပြန်အလှန်ပစ်ခတ်မှု ၈မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီသား နှစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိသွားကြောင်း၊ YDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

မကွေးတိုင်း ဂန့်ဂေါမြို့ စည်ပင်ရပ်ကွက် ဘုရားသုံးဆူကုန်းဆင်းနားတဝိုက်တွင် ကင်းပုန်းချ ထားသော အကြမ်ဖက်စစ်ကောင်စီ၏ တပ်သားများကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ယောဒေသကာကွယ်ရေးတပ်(YDF)က ထုတ်ပြန်သည်။

ဧပြီ ၂၆ ရက် ည ၉နာရီခန့်တွင် YDF၏ တပ်ရင်း(၅)တပ်ခွဲ – ၄မှ ရဲဘော်များက လျှပ်တပြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှု ၈မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီသား နှစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိသွားကြောင်း၊ YDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook