Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်တွင် တိုက်ပွဲနှစ်ခုတွင် စစ်​ကောင်စီတပ် ၁၈ဦး​သေ၊ ​သေနတ် ၃ လက်နှင့်ကျည်ဆံများရရှိ

ကလေးမြို့တောင်ပိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ခန့်က စစ်ဘေးရှောင်နေကြရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ် ၃ လက် ။ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့တောင်ပိုင်း၌ ယနေ့ (ဧပြီ ၂၇ ရက်)တွင်ဖြစ်ပွားသည့် တိုက်ပွဲနှစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိသည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း၊ အရှေ့စည်းကျေးရွာဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ် ​လေးခုက ပူးပေါင်း၍ မနက် ၈နာရီမှ ည ၇နာရီအထိ ခုခံတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။ ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA2 မောင်းပြန်သေနတ် ၁လက်၊ ၀.၉၅ကာဘိုင်မောင်းပြန်သေနတ် ၂လက်၊ ၆.၅၆ကျည် ၈၀တောင့် ၊ ၀.၉၅ကာဘိုင်ကျည် အတောင့် ၂၀၀ ၊ MA 2 ကျည်အိမ် ၁ခု၊ ၀.၉၅ ကာဘိုင်ကျဉ်အိမ် ၃ခု သိမ်းဆည်းရမိသည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်ကို PDF(ကလေး) ၊ ကလေး-ကဘော်-ဂန့်ဂေါအခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ် CDF(KKG)၊ ရိန်းဂျား ကလေး ပြည်သူကာကွယ်ရေးတပ် (RKDF) နှင့် က​လေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအတူ နည်းပညာတက္ကသိုလ် (ကလေး) တွင် အင်အား ၃၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို PDF(ကလေး)ကမွန်းလွဲ ၁နာရီခန့်က သာယာကုန်းနှင့် ထောက်ကြန့်ရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မူတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်။

အလားတူ ရေရှင်ကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ဖွဲ့များကို PDF (ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ကလေးမြို့တောင်ပိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ခန့်က စစ်ဘေးရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။