Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့နယ်တွင် တိုက်ပွဲနှစ်ခုတွင် စစ်​ကောင်စီတပ် ၁၈ဦး​သေ၊ ​သေနတ် ၃ လက်နှင့်ကျည်ဆံများရရှိ

ကလေးမြို့တောင်ပိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ခန့်က စစ်ဘေးရှောင်နေကြရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ် ၃ လက် ။ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့တောင်ပိုင်း၌ ယနေ့ (ဧပြီ ၂၇ ရက်)တွင်ဖြစ်ပွားသည့် တိုက်ပွဲနှစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိသည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း၊ အရှေ့စည်းကျေးရွာဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ် ​လေးခုက ပူးပေါင်း၍ မနက် ၈နာရီမှ ည ၇နာရီအထိ ခုခံတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်သည်။ ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA2 မောင်းပြန်သေနတ် ၁လက်၊ ၀.၉၅ကာဘိုင်မောင်းပြန်သေနတ် ၂လက်၊ ၆.၅၆ကျည် ၈၀တောင့် ၊ ၀.၉၅ကာဘိုင်ကျည် အတောင့် ၂၀၀ ၊ MA 2 ကျည်အိမ် ၁ခု၊ ၀.၉၅ ကာဘိုင်ကျဉ်အိမ် ၃ခု သိမ်းဆည်းရမိသည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်ကို PDF(ကလေး) ၊ ကလေး-ကဘော်-ဂန့်ဂေါအခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ် CDF(KKG)၊ ရိန်းဂျား ကလေး ပြည်သူကာကွယ်ရေးတပ် (RKDF) နှင့် က​လေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအတူ နည်းပညာတက္ကသိုလ် (ကလေး) တွင် အင်အား ၃၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို PDF(ကလေး)ကမွန်းလွဲ ၁နာရီခန့်က သာယာကုန်းနှင့် ထောက်ကြန့်ရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မူတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်။

အလားတူ ရေရှင်ကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ဖွဲ့များကို PDF (ကလေး)က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ကလေးမြို့တောင်ပိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ခန့်က စစ်ဘေးရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။