Connect with us

Hi, what are you looking for?

News

ရေဦး – ခင်ဦးလမ်းရှိ ရွာများအား စစ်ကောင်စီတပ်အကြမ်းဖက်မွှေနှောက်ဖျက်ဆီး​နေ၍ အဆိုပါလမ်းပိုင်းအား အသုံးမပြုကြရန် သတိ​ပေး

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ (ဧပြီ ၂၈ ရက်) မွန်းလွဲ ၂နာရီခန့်က ခင်ဦး-ရေဦးလမ်းတွင် ရွှေဘိုမြို့ဘက်မှလာသော သံချပ်ကာကားပုံစံပြုလုပ်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ ဖောကား(၁၀)စီး အား ARF အဖွဲ့မှ နေရာလေးနေရာမှ မိုင်းဆွဲတိုက် ခိုက်ရာ ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလ​ည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်များ အကြမ်းဖက်ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေပြီး စစ်ရေးအခြေအနေတိုးမြှင့်မည်​ဖြစ်၍ အဆိုပါလမ်းပိုင်း အသုံးမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

ရေဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကားများ ရောက်ရှိ‌နေပြီး မြို့နယ်အတွင်းစစ်ရေးအခြေအနေကိုအပြန်အလှန်တိုးမြှင့်မည်ဖြစ်၍ ပုဂ္ဂလိကပိုင်မော်တော်ယာဥ်များအနေဖြင့် ရေဦး – ညောင်လှလမ်းပိုင်း အသုံးပြုမှုယာယီရပ်နားထားရန်၊ ရေဦး-တန့်ဆည်လမ်း/ရေဦး-မုံရွာလမ်းပိုင်းတို့တွင် အဆိုပါက စစ်ကားများနှင့်ကပ်လျက်မောင်းနှင်ခြင်း လုံးဝမပြုလုပ်ရန်၊ မြေပြင်အခြေ အနေတွင် ထူးခြားဖြစ်စဉ်ရှိပါက နီးစပ်ရာတော်လှန်ရေးအဖွဲ့ထံ ချိတ်ဆက်သတင်းပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မြေပြင်သတင်းရယူပြီးမှ မောင်းနှင်သွားလာကြရန်၊ဤကြေညာချက်ကို ပြင်ဆင်‌ကြောင်းရုတ်သိမ်းကြောင်း ထပ်မံမကြေညာ မချင်းလိုက်နာပေးကြရန် စသည့်အချက်များအား ပကဖ(ရေဦး)/PDF(YEU) တို့က ယနေ့ (ဧပြီ ၂၉ရက်)နံနက်ပိုင်းတွင် ကြေညာလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့နံနက်၈နာရီခန့်တွင် ခင်ဦး-ရေဦး ကားလမ်းဘေးရှိ မြင်ဒေါင်းကျေးရွာ (မြောက်ခြမ်း)အား အကြမ်းဖက်ဝင်မွှေနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ (ဧပြီ ၂၈ ရက်) မွန်းလွဲ ၂နာရီခန့်က ခင်ဦး-ရေဦးလမ်းတွင် ရွှေဘိုမြို့ဘက်မှလာသော သံချပ်ကာကားပုံစံပြုလုပ်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ ဖောကား(၁၀)စီး အား ARF အဖွဲ့မှ နေရာလေးနေရာမှ မိုင်းဆွဲတိုက် ခိုက်ရာ ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလ​ည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ရေဦး – ခင်ဦးလမ်းပိုင်းတွင် စစ်တပ်ဗျူဟာမှူးလမ်း ကြောင်းရှိ၍ ကင်းပုန်းများချထားသည့်ကြားက ကင်းပုန်းနေရာနှစ်ခုအား Royal Tiger Guerilla Force အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။

အကြမ်းဖက်စစ်တပ်က မိုင်းခွဲခံရသည့် ခင်ဦး-ရေဦး ကားလမ်းဘေးရှိ ကျေးရွာများအား ဝင်ရောက်ရမ်းကားမွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်နေ၍ ​ကျေးရွာငါးရွာခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတစ်ဦး တိမ်း​ရှောင်ရင်း လမ်းတွင်ကြွက်တက်ကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။