Connect with us

Hi, what are you looking for?

LuduNwayOo

News

Total မထွက်ခွာမီ အကြမ်းဖက်စစ်အုပ်စုကို ကန်ဒေါ်လာ ၂၅၀သန်း လွှဲပြောင်းပေးဖွယ်ရှိနေ

Total ထွက်ခွာမည့် လာမည့် ဇူလိုင် ၂၀ နောက်ပိုင်းတွင် ထိုင်း PTT ကုမ္ပဏီက ၎င်းနေရာတွင် ဆက်ခံမည်ဖြစ်ပြီး PTT ကုမ္ပဏီကလည်း စစ်အုပ်စုထံ ဓာတ်ငွေ့ဝင်ငွေများ ဆက်လက်လွှဲပြောင်းနေဦးမည်ဖြစ်သည်။

▪️ယင်းငွေကြေးဖြင့် စစ်အုပ်စုက ပြည်သူလူထုကို သတ်ဖြတ်ရန် ကျည် ၄၁၇သန်း (သို့မဟုတ်) တိုက် လေယာဉ် ၁၇စီး ထပ်မံဝယ်ယူနိုင်

ပြင်သစ် Total Energies သည် မြန်မာပြည်မှ ထွက်ခွာမည်ဟု ကြေညာထားသော်လည်း မထွက်ခွာခင် ယခု ၆ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးဖွယ်ရှိနေသည်ဟု သွေးစွန်းငွေလှုပ်ရှားမှု(Blood Money)က ယနေ့ ထုတ်ပြန်သည်။

ဥရောပသမဂ္ဂ(EU)က မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ သော်လည်း ကင်းလွတ်ခွင့်များပါဝင်နေပြီး ယင်းကင်းလွတ်ခွင့်ချက်များအရ Total ကုမ္ပဏီသည် စစ်အုပ်စုထံ ငွေကြေးများဆက်လက်လွှဲပြောင်းနိုင်မည့်အပြင် အစုရှယ်ယာများကိုပါ လွှဲပြောင်း ပေးနိုင်မည်ဖြစ်သည်။

ပြင်သစ်အစိုးရသည် ယင်းကင်းလွတ်ခွင့်များကို အသုံးပြုခွင့်ပေးပါက Total လွှဲပြောင်းဖွယ်ရှိနေ သည့် ဒေါ်လာ ၂၅၀ သန်းသည် စစ်အုပ်စုက မြန်မာပြည်သူလူထုကို သတ်ဖြတ်ရန် ကျည်ဆံပေါင်း ၄၁၇ သန်း (သို့မဟုတ်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည့် တိုက်လေယာဉ် ၁၇ စီး ထပ်မံ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Blood Money က တွက်ချက်ပြသည်။

Public Service Announcement

Public Service Announcement

Total ထွက်ခွာမည့် လာမည့် ဇူလိုင် ၂၀ နောက်ပိုင်းတွင် ထိုင်း PTT ကုမ္ပဏီက ၎င်းနေရာတွင် ဆက်ခံမည်ဖြစ်ပြီး PTT ကုမ္ပဏီကလည်း စစ်အုပ်စုထံ ဓာတ်ငွေ့ဝင်ငွေများ ဆက်လက်လွှဲပြောင်းနေဦးမည်ဖြစ်သည်။

ထို့အတွက် အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အ မြန်ဆုံးပိတ်ဆို့အရေးယူရန် Blood Money က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။