Connect with us

Hi, what are you looking for?

News

ပါတီခေါင်းဆောင်များ ဥပဒေမဲ့မတရားဖမ်းဆီးခံထားရချိန်တွင် မည်သူ့ကိုမျှ ပါတီကိုယ်စားပြု ဆောင်ရွက်ရန် တာဝန်ပေးမထားကြောင်း ဒီချုပ်ကြေညာ

တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကြိုးပမ်းနေမှုကို အကြောင်းပြု၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများနှင့် ဆက်သွယ်ရန် အဖွဲ့ချုပ်အမည်ကို အလွဲသုံးစားပြုကာ ချိတ်ဆက်ဆောင်ရွက်ခြင်းများရှိပါကလည်း အဖွဲ့ချုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထားသည်။

(၂၀၂၀​ရွေး​ကောက်ပွဲအနိုင်ရပြီး​နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရှိရာ အနောက်ရွှေဂုံတိုင်လမ်းမပေါ်တွင် ဒီချုပ်ပါတီ ထောက်ခံသူများအောင်ပွဲခံနေစဉ်။)

▪️အလွဲသုံးစားပြု ချိတ်ဆက်ဆောင်ရွက်ခြင်းများရှိပါကလည်း အဖွဲ့ချုပ်နှင့်သက်ဆိုင်ခြင်းမရှိဟု ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ ဥပဒေမဲ့မတရားဖမ်းဆီးခံရနေချိန်တွင် မည်သူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကိုမျှ ပါတီကိုယ်စားပြုဆောင်ရွက်ရန် တာဝန်ပေးအပ်ထားခြင်းမရှိ ကြောင်း ဗဟိုအလုပ်ကော်မတီက ယနေ့ထုတ်ပြန်သည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသော အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး လွတ်လပ်စွာ စုံညီ အစည်းအဝေးကျင်းပနိုင်ခြင်းမရှိသည့်ကာလအတွင်း မည်သူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကိုမျှ စစ်ကောင်စီ သို့မဟုတ် ၎င်းမှ ဖွဲ့စည်းထားပေးသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ဆွေးနွေး ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အဖွဲ့ချုပ်ကိုယ်စားပြုဆောင်ရွက်ရန် တာဝန်ပေးအပ်ထားခြင်း မရှိကြောင်း ထုတ်ပြန်သည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကြိုးပမ်းနေမှုကို အကြောင်းပြု၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများနှင့် ဆက်သွယ်ရန် အဖွဲ့ချုပ်အမည်ကို အလွဲသုံးစားပြုကာ ချိတ်ဆက်ဆောင်ရွက်ခြင်းများရှိပါကလည်း အဖွဲ့ချုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါကြေညာချက်ကို ဧပြီ ၃၀ ရက်တွင်ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများ၊ ပြည်နယ်နှင့်တိုင်း တာဝန်ခံများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။

သတင်း

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

သတင်း

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။