Connect with us

Hi, what are you looking for?

News

မြန်မာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစာလွတ်လပ်ခွင့် အလွန်စိုးရိမ်ဖွယ်ကောင်းနေဟု ပြင်သစ်သံရုံးထုတ်ပြန်

ဥရောပသမဂ္ဂ(EU)ကလည်း ကမ္ဘာတစ်ဝန်းရှိ စာနယ်ဇင်း သတင်းသမားများနှင့် သတင်းမီဒီယာသမားများကို ဆက်လက် ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ကို အခိုင်အမာထပ်လောင်း အတည်ပြုပြီး မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို လွှတ်ပေးရန် တောင်းဆိုသည်။

(၂၀၂၁မတ်လအတွင်းက ရန်ကုန်မြို့ စမ်း​ချောင်းမြို့နယ် ၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေစဥ်)

▪️သတင်းထောက်များကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန် အီးယူနှင့် ပြင်သစ်တို့ ထပ်လောင်းတောင်းဆို

မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်များကို တိုက်ခိုက်ခြင်းမှာ အလွန်စိုးရိမ်ဖွယ်ကောင်းပြီး လွတ်လပ်သောသတင်းစာများမရှိတော့ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ပြင်သစ်က သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကမ္ဘာ့နေရာတိုင်းတွင် သတင်းသမားများကို အကာအကွယ်ပေးရန် အစဉ်တစိုက်တောင်းဆိုသည့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုကြောင်း ထုတ်ပြန်သည်။

“မြန်မာနိုင်ငံတွင် သတင်းသမားများသည် စစ်အစိုးရ ၏ဖိနှိပ်ခြင်းကိုခံရသည့် သားကောင်များဖြစ်ပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂ(EU)ကလည်း ကမ္ဘာတစ်ဝန်းရှိ စာနယ်ဇင်း သတင်းသမားများနှင့် သတင်းမီဒီယာသမားများကို ဆက်လက် ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ကို အခိုင်အမာထပ်လောင်း အတည်ပြုပြီး မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို လွှတ်ပေးရန် တောင်းဆိုသည်။

“စာနယ်ဇင်းလွတ်လပ်မှုသည် ကျွန်ုပ်တို့အားလုံး၏ လွတ်လပ်မှုပင်ဖြစ်သည်”ဟု အီးယူက ဆိုသည်။

လွတ်လပ်၍ အမှီအခိုကင်းပြီး ဂုဏ်သိက္ခာရှိသော စာနယ်ဇင်း၏ အခန်းကဏ္ဍသည် ယုံကြည်မှု၊ အဓွန့်ရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် အားကောင်းသော ဒီမိုကရေစီကို တည်ဆောက်ရာတွင် အလွန်အရေးပါကြောင်း အီးယူက ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက သတင်းသမား ၁၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၅၇ ဦးကို မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)ထုတ်ပြန်ချက်အရ မြန်မာသည် တရုတ်နိုင်ငံ၏ နောက်တွင် သတင်းထောက်များကို ဖမ်းဆီးထောင်ချမှုအများဆုံး ဒုတိယနေရာ၌ ရှိနေသည်။

မီဒီယာအများအပြားသည် ၎င်းတို့၏ လုပ်ငန်းလိုင်စင်များကို ရုတ်သိမ်းခြင်းခံခဲ့ရပြီး တိုင်းနှင့်ပြည်နယ်အများအပြားတွင် စစ်ကောင်စီ အင်တာနက် ဖြတ်တောက်မှုများကြောင့် သတင်းရရှိရေးမှာ ခက်ခဲနေကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို လေးစားလိုက်နာရန်နှင့် မြန်မာနိုင်ငံရှိ အင်တာနက် ကန့်သတ်ချက်များအားလုံးကို ရုတ်သိမ်းပေးရန် ပြင်သစ်သံရုံးက ထပ်လောင်းတောင်းဆိုသည်။

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ပေးပို့နိုင်ရန် အသက်အန္တရာယ်ကို စွန့်စားပြီးလုပ်ဆောင်ရသည့် သတင်းထောက်များ၏ အလုပ်ကို လေးစားဂုဏ်ပြုကြောင်းလည်းဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။