Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်းစစ်​ကောင်စီတိုင်းရုံးအနီး မြို့တွင်းလမ်းများကို တစ်လမ်းမောင်းအဖြစ် ပိတ်ဆို့ထား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပဲခူး တိုင်းအား အုပ်ချုပ်မှုနယ်မြေတိုးချဲ့ရန် ပြင်ဆင်လျက်ရှိရာ ပြည်ပရောက်မြန်မာများ ထည့်ဝင်မှုဖြင့် ရက်ပိုင်းအတွင်း ကျပ်သိန်း ၆၀၀၀ ကျော်ရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက အသိပေးထားသည်။

ကျော်ဇော/People’s Spring

စစ်​ကောင်စီလက်​အောက်ရှိပဲခူးတိုင်းအစိုးရဖွဲ့ရုံးအနီး မြို့တွင်းလမ်းများကို ယခုရက်ပိုင်းမှစ၍ ပိတ်ဆို့ပြီး တစ်လမ်းမောင်းအဖြစ်သာ ခွင့်ပြုထားကြောင်း ပဲခူးမြို့ခံများက ပြောသည်။

တစ်လမ်းမောင်းပုံစံ အတားအဆီးများချ၍ ပိတ်ဆို့ထားသော လမ်းများအနက် ရန်ကုန်-မန္တလေးလမ်းအား ပဲခူးမြို့နာရီစဥ်အနီးမှ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးအနီး မီးပွိုင့်ထိပ်အထိ ပိတ်ဆို့ထားသည်။

အလားတူ ရန်ကုန်-မန္တလေးမကြီးသို့ ဖောက်ထွက်နိုင်သော ၂၈ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ တို့ကို တစ်လမ်းမောင်းပုံစံ ပိတ်ဆို့ထားပြီး ပဲခူးမြို့မှ သနပ္ပင်ဘက်အထွက်လမ်းပိုင်းကိုလည်း အလားတူ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လမ်းမတွေမှာ အကုန်အစစ်ဆေးလုပ် အတား အဆီးတွေလုပ်ထားကြတာ။ လမ်းမှာ လူငယ်တွေတွေ့ရင် အကုန်စစ်​တယ်။ လုံခြုံရေးတင်းကြပ်ထားတယ်။ ကင်းပုန်းတွေလည်းရှိတယ်” ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

လမ်းပိုင်းများအား တစ်လမ်းမောင်းပုံစံပြု လုပ် ၍ အတားအဆီးများချကာ ပိတ်ဆို့မှုများကို မေ ၂ ရက်က စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး ယင်းလမ်းပိုင်းများမှာ စစ်ကောင်စီလက် အောက်ခံ ပဲခူးမြို့မရဲစခန်း၊ တိုင်းအစိုးရရုံး၊ ထွေအုပ်၊ သစ်တော၊ ပြန်/ဆက်၊ တိုင်းတရားရုံးစသည့်ရုံးဌာနများသို့ အလွယ်တကူ သွားလာနိုင်သည့် လမ်းပိုင်းများဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်လက်အောက်တွင် ဖမ်းဆီး၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ရမ်း ကားမှုတို့တွင် နာမည်ဆိုးဖြင့်ကြော်ကြားသော တပ်မ (၇၇)နှင့် မီးပွိုင့်တစ်ခုသာခြားသည့် အ ကွာအဝေးတွင် ပိတ်ဆို့ထားခြင်းလည်း ဖြစ် သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပဲခူး တိုင်းအား အုပ်ချုပ်မှုနယ်မြေတိုးချဲ့ရန် ပြင်ဆင်လျက်ရှိရာ ပြည်ပရောက်မြန်မာများ ထည့်ဝင်မှုဖြင့် ရက်ပိုင်းအတွင်း ကျပ်သိန်း ၆၀၀၀ ကျော်ရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။