Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုင်းမတော်တဆမှုကြောင့် မင်းတပ် CDFရဲဘော်တစ်ဦး ကျဆုံး

စစ်ကောင်စီတပ်များသည် မတူပီ – မင်းတပ်လမ်း မိုင်တိုင် ၄၅မိုင်ဝန်းကျင်သို့ ရောက်ရှိနေပြီး ရှေ့ဆက်တိုးလာပါက တိုက်ပွဲများဆက်ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ရဲဘော်များအား တွေ့ရစဥ်)

မိုင်းမတော်တဆမှုကြောင့် ယမန်နေ့ညပိုင်းတွင် မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ရဲဘော်တစ်ဦးကျဆုံးသွားကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၄ရက်)ညနေပိုင်းက မတူပီ -မင်းတပ်လမ်း၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာချိန်၌ CDF ရဲဘော် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မတူပီမှ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှစ၍ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယခုတိုက်ပွဲကာလအတွင်း CDF ရဲဘော်တစ်ဦး ပထမဆုံးအကြိမ်ကျဆုံးခြင်းလည်းဖြစ်သည်ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် မတူပီ – မင်းတပ်လမ်း မိုင်တိုင် ၄၅မိုင်ဝန်းကျင်သို့ ရောက်ရှိနေပြီး ရှေ့ဆက်တိုးလာပါက တိုက်ပွဲများဆက်ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဧပြီ ၃၀ရက်မှ မေလ ၄ရက်အတွင်း စစ်ကောင်စီတပ်ကို မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်ထားသည်။