Connect with us

Hi, what are you looking for?

News

မိုင်းမတော်တဆမှုကြောင့် မင်းတပ် CDFရဲဘော်တစ်ဦး ကျဆုံး

စစ်ကောင်စီတပ်များသည် မတူပီ – မင်းတပ်လမ်း မိုင်တိုင် ၄၅မိုင်ဝန်းကျင်သို့ ရောက်ရှိနေပြီး ရှေ့ဆက်တိုးလာပါက တိုက်ပွဲများဆက်ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ရဲဘော်များအား တွေ့ရစဥ်)

မိုင်းမတော်တဆမှုကြောင့် ယမန်နေ့ညပိုင်းတွင် မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ရဲဘော်တစ်ဦးကျဆုံးသွားကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၄ရက်)ညနေပိုင်းက မတူပီ -မင်းတပ်လမ်း၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာချိန်၌ CDF ရဲဘော် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မတူပီမှ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှစ၍ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယခုတိုက်ပွဲကာလအတွင်း CDF ရဲဘော်တစ်ဦး ပထမဆုံးအကြိမ်ကျဆုံးခြင်းလည်းဖြစ်သည်ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်များသည် မတူပီ – မင်းတပ်လမ်း မိုင်တိုင် ၄၅မိုင်ဝန်းကျင်သို့ ရောက်ရှိနေပြီး ရှေ့ဆက်တိုးလာပါက တိုက်ပွဲများဆက်ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၃၀ရက်မှ မေလ ၄ရက်အတွင်း စစ်ကောင်စီတပ်ကို မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook