Connect with us

Hi, what are you looking for?

News

ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးက သံဝန်ထမ်းအမျိုးသမီးတစ်ဦး CDM မှာပါဝင်လိုက်

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး က သံဝန်ထမ်းအမျိုးသမီး တစ်ဦးဖြစ်တဲ့ ဒေါ်မြသိင်္ဂီဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လိုက်ပါတယ်။

CDM မှာပူးပေါင်းပါဝင်လိုက်တဲ့ ဒေါ်မြသိင်္ဂီ

ဒီနှစ် မေလ ၃ ရက်ကစပြီး CDM မှာ ပူးပေါင်းပါဝင်လိုက်တယ်ဆိုတာကို ဒေါ်မြသိင်္ဂီ သူရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေ အသိပေးထားပါတယ်။

ရွေးကောက်ခံအစိုးရ ရဲ့စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေတဲ့ သံဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လို့တဲ့အပြင် နိုင်ငံတကာစာမျက်နှာမှာလည်း တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုဖို့ ဆန္ဒမရှိတာကြောင့် CDMလုပ်လိုက်တာလို့ ဒေါ်မြသိင်္ဂီ က ရှင်းပြထားပါတယ်။

ရွေးကောက်ခံအရပ်သားအစိုးရ ကိုဖြတ်ချပြီး အာဏာသိမ်းလိုက်တဲ့စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် CDM လှုပ်ရှားမှုကို အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာတင် အစိုးရ ဌာနအသီးသီးက ဝန်ထမ်းတွေဟာ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီလို CDM လုပ်ကြတဲ့အတွက် နိုင်ငံပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုတာကို နိုင်ငံတကာကိုပြသလိုတဲ့စစ်အုပ်စုအတွက် အုပ်ချုပ်ရေးယန္တယားလည်ပတ်ဖို့ အကျပ်ရိုက်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

Facebook