Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံသို့ တရားမ၀င်နယ်စပ်ဖြတ်ကျော်၀င်‌ရောက်လာသည့် မြန်မာလုပ်သား ၁၅၀ကျော် ဖမ်းဆီးခံရ

ထိုင်းအစိုးရသည် ကိုဗစ်ကပ်ရောကူးစပ်မှုထိန်းချုပ်ရန်အတွက် နယ်စပ်ဝင်ပေါက်များကို တင်းကြပ်ထားပြီး တရားမဝင်လာရောက်သူများအား စောင့်ကြည့်၍ နေ့စဥ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။

ဓာတ်ပုံ - မဲဆောက်မီဒီယာ

▪️ထိုင်းရောက်မြန်မာလုပ်သားများမှာ အကူအညီမဲ့နေဟု CDM သံအရာရှိပြော

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ ၀မ်ကျောင်းမြို့နယ်အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသော မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ယနေ့( မေလ၆ရက်)တွင် ထိုင်းအာဏာပိုင်များက ကြိုတင်စုံစမ်းသတင်းရရှိမှုကြောင့် မြို့နယ်၌ စစ်ဆေးမှုများပြုလုပ်စဥ် ထနုံထုံချိုင်းတောင်တန်းမှတစ်ဆင့် ကရာ့ပေါ့တောင်တန်းဖက်သို့ ဉီးတည်သွားနေသည့် လူအုပ်စုကြီးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မဲဆောက်မီဒီယာက ဖော်ပြ သည်။

ဓာတ်ပုံ – မဲဆောက်မီဒီယာ

အဆိုပါလူအုပ်ကြီးအား စစ်ဆေးမှုပြုလုပ်စဥ် ထွက်ပြေးရန်ကြိုးပမ်းသော်လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တရား၀မ၀င်နယ်စပ်ဖြတ်ကျော်၀င်ရောက်လာမှုကြောင့်ဖမ်းဆီးခံရသည်မှာ အမျိုးသား ၈၃ဦး၊ အမျိုးသမီး ၇၃ဦး စုစုပေါင်းမြန်မာရွှေ့ပြောင်းလုပ်သား ၁၅၆ဦးဖြစ်သည်။

ထိုင်းအစိုးရသည် ကိုဗစ်ကပ်ရောကူးစပ်မှုထိန်းချုပ်ရန်အတွက် နယ်စပ်ဝင်ပေါက်များကို တင်းကြပ်ထားပြီး တရားမဝင်လာရောက်သူများအား စောင့်ကြည့်၍ နေ့စဥ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။

ဓာတ်ပုံ – မဲဆောက်မီဒီယာ

“ဒီရက်ပိုင်းမှာ များလာတယ်။ ကန်ချန်နဘူရီဘက်က တက်တဲ့သူတွေလည်း အဖမ်းခံနေရတယ်။ ဟိုးအရင်ခေတ်ကို ပြန်ရောက်သွားတယ်။ MoU မရှိခင်က ခေတ်ပေါ့။ မြန်မာပြည်မှာလည်း နေထိုင်လုပ်ကိုင်လို့မရဘူး။ အလုပ်အကိုင်ကလည်းရှားပါးလာတော့ ရတဲ့နည်းနဲ့ ထွက်လာနေကြတာ”ဟု CDM ပြုလုပ်ထားသည့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမားသံအရာရှိ(ဟောင်း)ဦးဝေလင်းမောင်က ပြောသည်။

လတ်တလောဝင်ရောက်လာမှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများနှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၏ အခက်အခဲများ‌ကို မြန်မာသံရုံးက ဖြေရှင်းဆောင်ရွက်ပေးမှု မရှိတော့၍ မြန်မာလုပ်သားများမှာ အကူအညီမဲ့နေကြောင်း ဦးဝေလင်းမောင်က ပြောသည်။

ဓာတ်ပုံ – မဲဆောက်မီဒီယာ

ပြီးခဲ့သည့် ဧပြီအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား အနည်းဆုံး ၂,၀၀၀ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် မလေးရှားနိုင်ငံသို့ သွားရောက်မည့် ရနောင်းလမ်းကြောင်းပိုင်းတွင်လည်း နေ့စဥ်ဖမ်းဆီးခံရမှုများရှိနေကြောင်း ဦးဝေလင်းမောင်က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

Facebook