Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်ရှိ PDFစခန်းငယ်တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ပြည်သူ့ရဲဘော်ရှစ်ဦး မီးရှို့သတ်ဖြတ်ခံရပြီး ကျဆုံး

အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကို နေရာတွင်ပင် လက်ပြန်ကြိုး တုပ်၍ ခေါင်းတေ့ပစ်ပြီး မီးပုံရှို့သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ PDF စခန်းငယ်တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ပြည်သူ့ရဲဘော်ရှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(မေလ ၉ ရက်)နံနက်၇နာရီခန့်က မြင်းမူမြို့နယ်၊ ပဲကူရွာအနီးရှိ Black Eagle Defence Force- MMU၏ စခန်းငယ်တစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကို နေရာတွင်ပင် လက်ပြန်ကြိုး တုပ်၍ ခေါင်းတေ့ပစ်ပြီး မီးပုံရှို့သွားကြောင်း ဒေသခံများက ပြောသည်။

ကျဆုံးရဲဘော်များထဲတွင် စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံဖြိုးပါဝင်ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Black Eagle Defence Force- MMUအဖွဲ့သည် မြင်းမူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။