Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ​တွေအတွက်လိုအပ်ရင်တရားခံဖမ်းရန် လက်ထိပ်ပါယူလာခဲ့ပေးတဲ့CDMရဲသုံးဦး

အကြမ်းဖက်စစ်​ကောင်စီကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားနှင့်ရဲ တစ်​သောင်းခွဲ​ကျော်ရှိ​နေပြီဖြစ်​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၏ထုတ်ပြန်ထားသည်။

( ပြည်သူနှင့်လာ​ရောက်ပူး​ပေါင်း CDM လုပ်ခဲ့​သောရဲသုံးဦးယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

ကောလင်းမြို့နယ်သ အင်းတော်ရဲစခန်းမှ ရဲသုံးယောက် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည်။

ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေး တပ်ရင်း(၁)ထံဧပြီလ ၃၀ ရက် ည​နေ ၅ နာရီတွင်အဆိုပါရဲသုံးဦးသည်လာ​ရောက်၍ CDM ပြုလုပ်သဖြင့် ​ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ (ပအဖ) ၊ မြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံ​ရေးအဖွဲ့(ပလဖ)တို့က ကြိုဆိုလက်ခံခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့နှင့်နီးစပ်​သောသတင်းရင်းမြစ်တစ်ဦးက People’s Springသို့​ပြောသည်။

ပြည်သူနှင့်ပူး​ပေါင်းလာ​သောရဲသုံးဦးတွင် ရဲအုပ်တစ်ဦးလည်းပါဝင်သည်။​သေနတ်သုံးလက်နှင့်အတူ ကျည်ဆံများ ၊လက်ထိပ်များ၊​ဝေါ်ကီ​တော်ကီ ၊ဗုံးသီးများစ​သော ရဲအ​သုံးအ​ဆောင်ပစ္စည်းအစုံအလင်ယူ​ဆောင်လာခဲ့သည်ကိုလည်း သတင်းဓါတ်ပုံတွင်​တွေ့ရသည်။

ရဲအရာရှိအပါအဝင် ရဲသုံးဦးက ဂျီသရီး ၂ လက်၊အူဇီ ၁ လက်၊လက်ပစ်ဗုံး​လေးလုံး၊ကျည် အ​တောင့် တစ်​ထောင်​ကျော်ဖြင့် CDMပြုလုပ်လာခြင်းဖြစ်သည်။ယခုအခါ ၎င်းတို့သုံးဦးစလုံးလွတ်​မြောက်နယ်​မြေသို့​ရောက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ကာကွယ်ရေး အုပ်ချုပ်ရေး အဖွဲ့တွေ အတွက်လိုအပ်ရင်တရားခံဖမ်းဖို့ လက်ထိပ်တွေပါယူလာတာဗျအတော်ထောင့်စေ့အောင်စဉ်းစားလာတဲ့ ရဲCDMတွေ”ဟုအင်းတော်ရှိပြည်သူတစ်ဦးက​ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားနှင့်ရဲ တစ်​သောင်းခွဲ​ကျော်ရှိ​နေပြီဖြစ်​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၏ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။