Connect with us

Hi, what are you looking for?

News

ပြည်သူ​တွေအတွက်လိုအပ်ရင်တရားခံဖမ်းရန် လက်ထိပ်ပါယူလာခဲ့ပေးတဲ့CDMရဲသုံးဦး

အကြမ်းဖက်စစ်​ကောင်စီကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားနှင့်ရဲ တစ်​သောင်းခွဲ​ကျော်ရှိ​နေပြီဖြစ်​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၏ထုတ်ပြန်ထားသည်။

( ပြည်သူနှင့်လာ​ရောက်ပူး​ပေါင်း CDM လုပ်ခဲ့​သောရဲသုံးဦးယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

ကောလင်းမြို့နယ်သ အင်းတော်ရဲစခန်းမှ ရဲသုံးယောက် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည်။

ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေး တပ်ရင်း(၁)ထံဧပြီလ ၃၀ ရက် ည​နေ ၅ နာရီတွင်အဆိုပါရဲသုံးဦးသည်လာ​ရောက်၍ CDM ပြုလုပ်သဖြင့် ​ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ (ပအဖ) ၊ မြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံ​ရေးအဖွဲ့(ပလဖ)တို့က ကြိုဆိုလက်ခံခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့နှင့်နီးစပ်​သောသတင်းရင်းမြစ်တစ်ဦးက People’s Springသို့​ပြောသည်။

ပြည်သူနှင့်ပူး​ပေါင်းလာ​သောရဲသုံးဦးတွင် ရဲအုပ်တစ်ဦးလည်းပါဝင်သည်။​သေနတ်သုံးလက်နှင့်အတူ ကျည်ဆံများ ၊လက်ထိပ်များ၊​ဝေါ်ကီ​တော်ကီ ၊ဗုံးသီးများစ​သော ရဲအ​သုံးအ​ဆောင်ပစ္စည်းအစုံအလင်ယူ​ဆောင်လာခဲ့သည်ကိုလည်း သတင်းဓါတ်ပုံတွင်​တွေ့ရသည်။

ရဲအရာရှိအပါအဝင် ရဲသုံးဦးက ဂျီသရီး ၂ လက်၊အူဇီ ၁ လက်၊လက်ပစ်ဗုံး​လေးလုံး၊ကျည် အ​တောင့် တစ်​ထောင်​ကျော်ဖြင့် CDMပြုလုပ်လာခြင်းဖြစ်သည်။ယခုအခါ ၎င်းတို့သုံးဦးစလုံးလွတ်​မြောက်နယ်​မြေသို့​ရောက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ကာကွယ်ရေး အုပ်ချုပ်ရေး အဖွဲ့တွေ အတွက်လိုအပ်ရင်တရားခံဖမ်းဖို့ လက်ထိပ်တွေပါယူလာတာဗျအတော်ထောင့်စေ့အောင်စဉ်းစားလာတဲ့ ရဲCDMတွေ”ဟုအင်းတော်ရှိပြည်သူတစ်ဦးက​ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားနှင့်ရဲ တစ်​သောင်းခွဲ​ကျော်ရှိ​နေပြီဖြစ်​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၏ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။