Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီဒေသတွင် ကြားကာလပညာရေးအတွက် စေတနာ့ဝန်ထမ်း ၉၀၀ ကျော်ကိုသင်တန်းပေးထား

ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ​စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး ​စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ကရင်နီဒေသ(ကယားပြည်နယ်)ကြားကာလပညာရေးအတွက်စေတနာ့ဝန်ထမ်း (Volunteers) ၉၀၀ ကျော်အား သင်ကြားသင်ယူမှု ရက်တိုသင်တန်းများပေးထားပြီဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂကယနေ့(မေ ၁၁)ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

စစ်ရှောင်ကြားကာ ပညာသင်ကြားရေး လုပ်ငန်းများ ဖော်ဆောင်ပေးနေသည့်အပြင် ကြားကာလပညာသင်ကြားရေးတွင် ပါဝင်ဖော်ဆောင်ကူညီနေသော​စေတနာ့ဝန်ထမ်း (Volunteers) များအတွက် သင်ကြား/သင်ယူမူ ရက်တို သင်တန်းများကို (CDM) နည်းပြ ဆရာ/မများနှင့်
ပူးပေါင်း၍ ပို့ချပေးလျက်ရှိသည်ဟု ဖော်ပြသည်။

ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ​စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး ​စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ထို့အပြင် သင်ကြားရေးနှင့်ပတ်သက်ပြီး အထောက်အကူဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန(MOE)မှ ချပေးထားသော ဗီဒီယိုသင်ခန်းစာများကို သင်ကြားပေးနေသော ဆရာဆရာမများ၊ကျောင်းသားသူများ အတွက် Memory sticks များဖြင့်သော်လည်းကောင်း၊ ဖုန်းထဲသို့လည်းကောင်း ကူးယူဖြန့်ဝေပေးလျက်ရှိသည်။

Public Service Announcement

Public Service Announcement

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂအနေဖြင့် လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်(ကြားကာလ) ပညာသင်ရေးအတွက် အဆင်သင့်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိပြီး(CDM)ဆရာဆရာမများ၊ ​စေတနာ့ဝန်ထမ်းများနှင့် မိဘများ၊ ကျောင်းသားများအားလုံး ပူပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်​ကောင်စီကို​တော်လှန်​နေ​သော KNU/KNLA ၊KIO/KIA တို့တွင် ကိုယ်ပိုင်ပညာ​ရေးဝန်ကြီးဌာန၊ကိုယ်ပိုင်ပညာ​ရေးမူဝါဒများဖြင့် ပညာ​ရေးကိုအ​ကောင်အထည်​ဖော်​နေကြခြင်းဖြစ်သည်။

သတင်း

နှစ်လကျော်ကြာမြင့်နေသော ဖယ်ခုံ-မိုးဗြဲ တိုက်ပွဲ တွင် စစ်ရှောင် ၄,၀၀၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီက ရိက္ခာဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူအများစု အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

သတင်း

ဧပြီ ၂၅ရက်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မြောက်စလုံးကျေးရွာမှ တောင်မဲသင်းကျေးရွာဖက်သို့ဆုတ်ခွာ၍တပ်စွဲထားပြီး လက်ရှိချိန်ထိ ကရင်နီတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း KNDFက အသိပေးထားသည်။

သတင်း

​ဒေါတမာကြီးတိုက်ပွဲတွင် KA ၊KNDF တပ်ရင်းများနေပြည်​​တော်PDF ၊​ဘော်လခဲ PDF တို့က ဗျူဟာကျကျ ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။