Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတွင် ကြားကာလပညာရေးအတွက် စေတနာ့ဝန်ထမ်း ၉၀၀ ကျော်ကိုသင်တန်းပေးထား

ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ​စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး ​စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ကရင်နီဒေသ(ကယားပြည်နယ်)ကြားကာလပညာရေးအတွက်စေတနာ့ဝန်ထမ်း (Volunteers) ၉၀၀ ကျော်အား သင်ကြားသင်ယူမှု ရက်တိုသင်တန်းများပေးထားပြီဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂကယနေ့(မေ ၁၁)ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

စစ်ရှောင်ကြားကာ ပညာသင်ကြားရေး လုပ်ငန်းများ ဖော်ဆောင်ပေးနေသည့်အပြင် ကြားကာလပညာသင်ကြားရေးတွင် ပါဝင်ဖော်ဆောင်ကူညီနေသော​စေတနာ့ဝန်ထမ်း (Volunteers) များအတွက် သင်ကြား/သင်ယူမူ ရက်တို သင်တန်းများကို (CDM) နည်းပြ ဆရာ/မများနှင့်
ပူးပေါင်း၍ ပို့ချပေးလျက်ရှိသည်ဟု ဖော်ပြသည်။

ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ​စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး ​စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ထို့အပြင် သင်ကြားရေးနှင့်ပတ်သက်ပြီး အထောက်အကူဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန(MOE)မှ ချပေးထားသော ဗီဒီယိုသင်ခန်းစာများကို သင်ကြားပေးနေသော ဆရာဆရာမများ၊ကျောင်းသားသူများ အတွက် Memory sticks များဖြင့်သော်လည်းကောင်း၊ ဖုန်းထဲသို့လည်းကောင်း ကူးယူဖြန့်ဝေပေးလျက်ရှိသည်။

Public Service Announcement

Public Service Announcement

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂအနေဖြင့် လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်(ကြားကာလ) ပညာသင်ရေးအတွက် အဆင်သင့်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိပြီး(CDM)ဆရာဆရာမများ၊ ​စေတနာ့ဝန်ထမ်းများနှင့် မိဘများ၊ ကျောင်းသားများအားလုံး ပူပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

သတင်း

ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

သတင်း

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

ဆောင်းပါး

ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။