Connect with us

Hi, what are you looking for?

News

မိုးတွေရွာနေလို့ စစ်ဘေးရှောင်တွေ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရ

လက်ရှိကာလမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆန်၊ အမိုးအကာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း KHRG က ဆိုထားပါသေးတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် စစ်ဘေးရှောင်တွေ ပိုများပြားလာနေပြီး လတ်တလော မိုးရွာသွန်းမှုတွေကြောင့် စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးဆိုင်ရာပြသနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ထံကနေ သိရပါတယ်။

ကေအဲန်ယူ-သထုံခရိုင်၊ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား ထိတွေ့တိုက်ပွဲတွေပိုမိုဖြစ်ပွားလာနေပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း ပိုမိုများပြားလာနေတာပါ။

ဒါ့အပြင် အခုရက်ပိုင်းထဲမှာ မိုးဆက်တိုက်ရွာသွန်းမှုတွေရှိနေပြီး ဒီလိုမိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် တောတောင်တွေထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအန္တရာယ်တွေ ပိုမိုကြုံလာရနိုင်တယ်လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

“မိုးတွင်းကကျတော့ ရောက်လာတဲ့အပေါ်မှာတော့ ငှက်ဖျားတို့ဘာတို့ ထပ်ရဖို့အတွက် နည်းနည်းအန္တရာယ်ပိုများလာတာပေါ့။ မိုးတွေတအားရွာလို့ရှိရင် အခက်အခဲတွေ အများကြီးကြုံရမယ်လေ။ အဲ့ဒီအပေါ်မှာ ရာသီဥတုဒဏ်လည်း သူတို့ပိုပြီးတော့မှ ခံရမယ်။ ဖျားနာမှုလည်း ပိုပြီးတော့မှကြုံလာရမှာပေါ့” လို့ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိကာလမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆန်၊ အမိုးအကာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း KHRG က ဆိုထားပါသေးတယ်။

UNOCHA ရဲ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့မြ၀တီ၊ မွန်ပြည်နယ် ဘီးလင်းနဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒေသခံပြည်သူ ၁၅၀၀၀ နီးပါး ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထုဦးရေဟာ ၁၇၀၀၀၀ ကျော်ရှိနေတယ်လို့ KHRG ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။