Connect with us

Hi, what are you looking for?

News

ကရင်နီရဲဘော်များကူညီ​ပေး​​သော CDMစစ်သားတစ်ဦး၏ မင်္ဂလာပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ကရင်နီပြည်သူ့ရဲဘော်များဝိုင်းဝန်းအကောင် အထည်ဖော်ပေးခဲ့ကြသည့် CDMဒုတပ်ကြပ် မြင့်မြတ်သူရအောင်နှင့် သူ၏ ချစ်သူမိန်းကလေးတို့ မဂ်လာပွဲကို ယမန်နေ့(မေ၁၂ရက်)က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူနှင့်အတူပူးပေါင်းပြီး CDMပြုလုပ်ခဲ့သည့် လေ​ကြောင်းဆေးပညာဌာနမှ ဒုတပ်ကြပ် မြင့်မြတ်သူရ အောင်သည် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ကူညီမှုဖြင့် ကရင်နီပြည်နယ်ရှိ ရှေ့တန်းတစ်နေရာတွင် မင်္ဂလာပွဲ ကျင်းပခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ကရင်နီပြည်သူ့ရဲဘော်များဝိုင်းဝန်းအကောင် အထည်ဖော်ပေးခဲ့ကြသည့် CDMဒုတပ်ကြပ် မြင့်မြတ်သူရအောင်နှင့် သူ၏ ချစ်သူမိန်းကလေးတို့ မဂ်လာပွဲကို ယမန်နေ့(မေ၁၂ရက်)က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကရင်နီပြည်သူ့ ရင်ခွင်ခိုလူံရေးအစီအစဥ်မှ CDM ပြုလုပ်လာသောလေတပ် ဆေးဌာန ဒုတပ်ကြပ် မြင့်မြတ်သူရအောင်သည် တော်လှန်ရေးကာလတွင် KNDFတပ်ဖွဲ့အချို့၏ တော်လှန်ရေးသမား အချင်းချင်း အပေါ်ဖေးမကူညီမှုကြောင့် ကြီးကျယ်ခမ်းနားသောပွဲ မဟုတ်ခဲ့ပေမဲ့ လှပတင့်တယ်သော လက်ထပ်ပွဲလေးကျင်းပပေးခဲ့ပါသည်”ဟု CDM ပြုလုပ်သူများကို လက်ခံကူညီပေးနေသည့် ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၁၃ရက်) သတင်းထုတ်ပြန်သည်။

“ရှေ့တန်းမှာဆိုတော့ ငွေရေးကြေးရေးကအစအဆင်မပြေဘူးလေ။CDM လုပ်ပြီး ပြေးရင်းရှောင်ရင်းကနေ ကောင်မလေးပါ ခေါ်လာခဲ့တာ။ ဒီမှာ တရားဝင်ဖြစ်အောင်၊ လူသိရှင်ကြားဖြစ်အောင် လက်ထပ်ပွဲလေး ဖြစ်မြောက်ဖို့ ကရင်နီရဲဘော်တွေက ငွေကြေးကအစ ကူညီကြတာ” ဟု CDM ပြုလုပ်သူများကို လက်ခံပေးနေသည့် ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဒုတပ်ကြပ် မြင့်မြတ်သူရအောင်သည် စစ်ကောင်စီ၏ လေ​ကြောင်းဆေးပညာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ အောက်တိုဘာ ၂၃ရက်တွင် CDM ပြုလုပ်ခဲ့သည်။ ထို့နောက် ကရင်နီပြည်သူ့ရင်ခွင်ထံ ချိတ်ဆက်ကာ ကရင်နီပြည်နယ်တွင် နေထိုင်ခဲ့သည်။

၎င်းသည် အသက်(၂၇)နှစ်အရွယ်ဖြစ်ပြီး ချစ်သူမိန်းကလေးမှာ အသက်((၂၃)နှစ်ရှိပြီဖြစ်သည်။ ကရင်၊ဗမာတိုင်းရင်းသားဖြစ်သော CDM စစ်သားတစ်ဦး၏ မဂ်လာပွဲဖြစ်မြောက်အောင် ကရင်နီရဲဘော်များက ဝိုင်းဝန်းကူညီခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော် ဘယ်လိုမှ မေ့မရတော့ဘူး။ အခက်အခဲကြားမှာလုပ်ခဲ့ရတဲ့ ပွဲလေး။ တစ်သက်စာအမှတ်တရဖြစ်သွားပြီ”ဟု ဒုတပ်ကြပ်မြင့်မြတ်သူရအောင်က ပြော သည်။

CDM ပြုလုပ်ခဲ့ခြင်းသည် အမှန်တရားဘက်ရပ်တည်ခဲ့ခြင်းဖြစ်၍ ပြည်သူ၏ချစ်ခြင်းမေတ္တာရရှိသလို ကိုယ့်ကိုယ်ကို တစ်သက်လုံးလိပ်ပြာသန့်ရသည့် ခံစားမှုရရှိသည်ဟု ၎င်းက ဆိုသည်။

CDM ပြုလုပ်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုသူများကို နွေးထွေးစွာ အမြဲကြိုဆိုနေမည်ဖြစ်ပြီး ၀၉-၇၇၆၉၇၁၅၄၃ သို့ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။