Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်အုပ်စု ၁၃ဦးသေဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်​ပြော

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူစောထီး ၁၃ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)ဦးဆောင်သူဗိုလ်ဂျပန်က ပြောသည်။

အင်အား ၉၀ကျော်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ကို အင်မထီး​ကျေးရွာအနား၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများ စစ်ကြောင်းကို မိုင်းအလုံး ၄၀ကျော်ဖြင့် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု PRAက အသိပေးသည်။

Public Service Announcement

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့ပေါ်အပါအဝင် စစ်ကောင်စီအခြေစိုက်ရာနေရာများကို ယခုရက်ပိုင်းအတွင် ဒေသခံတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီး ၂၀ဦးထက်မနည်း သေဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီသည် မုံရွာအခြေစိုက်အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အားအပြည့်ပါရှိသည့် စစ်ကားအစီး ၂၀ခန့်ဖြင့် ယင်းမာပင်-ပုလဲ ဒေသများသို့ တပ်ကူဖြည့်တင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။