Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်အုပ်စု ၁၃ဦးသေဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်​ပြော

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူစောထီး ၁၃ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)ဦးဆောင်သူဗိုလ်ဂျပန်က ပြောသည်။

အင်အား ၉၀ကျော်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ကို အင်မထီး​ကျေးရွာအနား၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများ စစ်ကြောင်းကို မိုင်းအလုံး ၄၀ကျော်ဖြင့် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု PRAက အသိပေးသည်။

Public Service Announcement

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့ပေါ်အပါအဝင် စစ်ကောင်စီအခြေစိုက်ရာနေရာများကို ယခုရက်ပိုင်းအတွင် ဒေသခံတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီး ၂၀ဦးထက်မနည်း သေဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီသည် မုံရွာအခြေစိုက်အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အားအပြည့်ပါရှိသည့် စစ်ကားအစီး ၂၀ခန့်ဖြင့် ယင်းမာပင်-ပုလဲ ဒေသများသို့ တပ်ကူဖြည့်တင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။