Connect with us

Hi, what are you looking for?

News

မင်းတပ် – ကျောက်ထုလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်း ရှေ့ပြေးစစ်ကြောင်းကို PDF ပူးပေါင်းတပ် တိုက်ခိုက်

လတ်တလောတွင် အဆိုပါကျောက်ထု – မင်းတပ်လမ်းနှင့် ဂန့်ဂေါ- ကျောလမ်းတို့ကို အသုံးပြု သွားလာခြင်းမပြုရန် ဒေသခံ PDFများက ကြေညာချက်ထုတ်ပြန်ထားသည်။

(ကျောက်ထုမှ မတူပီသို့သွားသော စစ်ကောင်စီယာဥ်တန်းကို မတ်လအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl Midat)

မင်းတပ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအတွက် ကျောက်ထုဘက်သို့ ရှေ့ပြေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်း အဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့(မေလ ၁၅ရက်)မွန်းလွဲပိုင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ကျောက်ထုPDF ရုံးတာဝန်ရှိသူက အတည်ပြုသည်။

“ကျောက်ထု – မင်းတပ်လမ်းမှာ တိုက်ပွဲက အခုနေ ဖြစ်နေတုန်း။ရှေ့ပြေးယာဉ်တန်းနဲ့ဖြစ်တာရှင့်။ အသေအချာတော့ မသိရသေးဘူး။ ဖြစ်တာကတော့ မင်းတပ်အဆင်းက ရွာနားမှာ ဖြစ်တာ”ဟု ကျောက်ထု PDF ရုံးတာဝန်ရှိသူက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ် အပါအဝင်ယာဉ်အစီးရေ ၇၀ကျော် ယာဉ်တန်းသည် မင်းတပ်မှကျောက်ထုသို့ ပြန်လာရန်ရှိ၍ စစ်ကောင်စီတပ်သည်မင်းတပ်မှ လည်းကောင်း၊ ထီးလင်းမှလည်းကောင်း စစ်ကြောင်းများ ဝင်ရောက်ကာလမ်းလုံခြုံရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသည်။

လတ်တလောတွင် အဆိုပါကျောက်ထု – မင်းတပ်လမ်းနှင့် ဂန့်ဂေါ- ကျောလမ်းတို့ကို အသုံးပြု သွားလာခြင်းမပြုရန် ဒေသခံ PDFများက ကြေညာချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။