Connect with us

Hi, what are you looking for?

LuduNwayOo

News

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှု မင်းအောင်လှိုင်၏ ရူးသွပ်သည့်စိတ်ဆန္ဒအပေါ်အခြေခံ၍ မအောင်မြင်နိုင်ဟု NUG ယာယီသမ္မတပြော

စစ်ကောင်စီက ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တစ်ဦးတည်း၏ ရူးသွပ်သည့် စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံသည့် လုပ်ဆောင်ချက်ဖြစ်၍ အောင်မြင်မည် မဟုတ်ဟု အမျိုသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ဒူဝါလရှီးလက ပြောကြားသည်။

▪️စစ်ကောင်စီ၏ဖိတ်ခေါ်ချက်ကိုငြင်းပယ်ပြီး ပြည်သူနှင့်အတူရပ်တည်သည့် တိုင်းရင်းသားလက်နက်ကိုင်များကို ကျေးဇူးတင်ဟုဖော်ပြ

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အစည်းဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း NUG၏ သတင်းပြန်ကြားရေး PVTV က ဖော်ပြသည်။

“အမှန်တကယ် ငြိမ်းချမ်းရေးကို ရလိုလျှင် ပြည်သူ လူထု အားလုံး၏ကိုယ်စားပြု၊ NUG၊ NUCC၊ နှင့် CRPH အပါအဝင် အခြားပါသင့်ပါထိုက်သော လူထုကိုယ်စားပြု အားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြစ်ဖို့လိုတယ်။ ASEAN ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ ဆောင် ရွက်ဖို့လိုသည့်အပြင် အမေရိကန်၊ ဥရောပ သမ္ဂဂ္ဂ နိုင်ငံများအပါအဝင်၊ ကမ္ဘာ့ ကုလသမ္မဂ္ဂရဲ့ မူဝါဒသဘော ထားများနှင့်အညီ လိုက်နာလုပ်ဆောင်မှသာ အဖြေရရှိမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်တစ်ဦးတည်း၏ ရူးသွပ်သည့် စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံသည့် လုပ်ဆောင်ချက်ဖြစ်၍ အောင်မြင်မှာလည်းမဟုတ်ပါ။ မိမိတို့အစိုးရအနေဖြင့် Charterပါ နိုင်ငံရေးရည်မှန်း ချက်၊ လမ်းပြမြေပုံများနှင့်အညီ အောင်မြင်မှုပန်းတိုင် ရောက်အောင် ဆက်လက်ချီတက်သွားကြမှာ ဖြစ်ပါတယ်။” ဟု ယာယီသမ္မတက ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် တရားမဝင်သည့်အပြင် အဖြေရရှိမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးရန်ဆိုတဲ့ ဖိတ်ခေါ်ကမ်းလှမ်းခြင်းကို ငြင်းပယ်ပြီး အများပြည်သူ အကျိုးအတွက်၊ မြန်မာပြည်သူတွေ အကျိုးအတွက် အစဉ်တစိုက် ရပ်တည်ပေးကြတဲ့ တိုင်းရင်းသား ERO အဖွဲ့များကိုလည်း အထူးကျေးဇူး တင်ကြောင်း ပြောကြားလိုပါ တယ်။ ဆက်လက်ပြီးလည်း ဖက်ဒရယ်ဒီမိုကရေစီ Charter ပါ လုပ်ငန်းစဉ်တွေကို အကောင် အထည်ဖော်တဲ့အ ခါမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အားလုံးနဲ့အတူတကွ လက်တွဲဆောင် ရွက်သွားပါမယ် ဆိုတာကိုလည်း လေးလေးနက်နက် ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။

ယခု တော်လှန်ရေးသည် သမိုင်း၌ မရှိခဲ့ဖူးသည့် သွေးစည်းညီညွတ်မှုများနှင့် မတူကွဲပြားသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ အားလုံး စုစုစည်းစည်းဖြင့် အာဏာရှင်များကို တိုက်ထုတ်နေသည့် တော်လှန် ရေးဖြစ်၍ အောင်မြင်မှုများ မလွှဲမသေ ရောက်ရှိလာတော့မည်ဆိုသည်ကို ရဲဝံ့စွာ ယုံကြည်နေကြောင်း ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။