Connect with us

Hi, what are you looking for?

News

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှု မင်းအောင်လှိုင်၏ ရူးသွပ်သည့်စိတ်ဆန္ဒအပေါ်အခြေခံ၍ မအောင်မြင်နိုင်ဟု NUG ယာယီသမ္မတပြော

စစ်ကောင်စီက ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တစ်ဦးတည်း၏ ရူးသွပ်သည့် စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံသည့် လုပ်ဆောင်ချက်ဖြစ်၍ အောင်မြင်မည် မဟုတ်ဟု အမျိုသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ဒူဝါလရှီးလက ပြောကြားသည်။

▪️စစ်ကောင်စီ၏ဖိတ်ခေါ်ချက်ကိုငြင်းပယ်ပြီး ပြည်သူနှင့်အတူရပ်တည်သည့် တိုင်းရင်းသားလက်နက်ကိုင်များကို ကျေးဇူးတင်ဟုဖော်ပြ

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အစည်းဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း NUG၏ သတင်းပြန်ကြားရေး PVTV က ဖော်ပြသည်။

“အမှန်တကယ် ငြိမ်းချမ်းရေးကို ရလိုလျှင် ပြည်သူ လူထု အားလုံး၏ကိုယ်စားပြု၊ NUG၊ NUCC၊ နှင့် CRPH အပါအဝင် အခြားပါသင့်ပါထိုက်သော လူထုကိုယ်စားပြု အားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြစ်ဖို့လိုတယ်။ ASEAN ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ ဆောင် ရွက်ဖို့လိုသည့်အပြင် အမေရိကန်၊ ဥရောပ သမ္ဂဂ္ဂ နိုင်ငံများအပါအဝင်၊ ကမ္ဘာ့ ကုလသမ္မဂ္ဂရဲ့ မူဝါဒသဘော ထားများနှင့်အညီ လိုက်နာလုပ်ဆောင်မှသာ အဖြေရရှိမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်တစ်ဦးတည်း၏ ရူးသွပ်သည့် စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံသည့် လုပ်ဆောင်ချက်ဖြစ်၍ အောင်မြင်မှာလည်းမဟုတ်ပါ။ မိမိတို့အစိုးရအနေဖြင့် Charterပါ နိုင်ငံရေးရည်မှန်း ချက်၊ လမ်းပြမြေပုံများနှင့်အညီ အောင်မြင်မှုပန်းတိုင် ရောက်အောင် ဆက်လက်ချီတက်သွားကြမှာ ဖြစ်ပါတယ်။” ဟု ယာယီသမ္မတက ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် တရားမဝင်သည့်အပြင် အဖြေရရှိမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးရန်ဆိုတဲ့ ဖိတ်ခေါ်ကမ်းလှမ်းခြင်းကို ငြင်းပယ်ပြီး အများပြည်သူ အကျိုးအတွက်၊ မြန်မာပြည်သူတွေ အကျိုးအတွက် အစဉ်တစိုက် ရပ်တည်ပေးကြတဲ့ တိုင်းရင်းသား ERO အဖွဲ့များကိုလည်း အထူးကျေးဇူး တင်ကြောင်း ပြောကြားလိုပါ တယ်။ ဆက်လက်ပြီးလည်း ဖက်ဒရယ်ဒီမိုကရေစီ Charter ပါ လုပ်ငန်းစဉ်တွေကို အကောင် အထည်ဖော်တဲ့အ ခါမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အားလုံးနဲ့အတူတကွ လက်တွဲဆောင် ရွက်သွားပါမယ် ဆိုတာကိုလည်း လေးလေးနက်နက် ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။

ယခု တော်လှန်ရေးသည် သမိုင်း၌ မရှိခဲ့ဖူးသည့် သွေးစည်းညီညွတ်မှုများနှင့် မတူကွဲပြားသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ အားလုံး စုစုစည်းစည်းဖြင့် အာဏာရှင်များကို တိုက်ထုတ်နေသည့် တော်လှန် ရေးဖြစ်၍ အောင်မြင်မှုများ မလွှဲမသေ ရောက်ရှိလာတော့မည်ဆိုသည်ကို ရဲဝံ့စွာ ယုံကြည်နေကြောင်း ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်