Connect with us

Hi, what are you looking for?

News

အလုံတွင် (၄)နှစ်အရွယ် မူကြိုက​လေးငယ်အား ဖမ်းဆီး​ရာတွင်ဦး​​ဆောင်သူအုပ်ကြီး ယ​နေ့ အသတ်ခံရ

အုပ်ချုပ်ရေးမှူးလှမိုးသည် ဝဲရင်အုံ၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ရန်ကုန်မြို့ အလုံမြို့နယ်တွင် (၄)နှစ်အရွယ် မူကြိုကလေးငယ်အား ဖမ်းဆီး​ခေါ်​ဆောင်ရာတွင်ဦးဆောင်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ယနေ့(မေ ၁၇ ရက်) ညနေ ၄နာရီတွင် ဆင်မင်းစျေးအနောက်ဖက်၊ သိပ္ပံလမ်းတွင် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးလှမိုးမှာ သေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။

“တကယ့်ကို သတ်ရမယ့် စစ်ကောင်စီရဲ့ခွေးပါ။ပြီးခဲ့တဲ့လက နာမည်ကြီးသွားတဲ့ စက်တွင်းလမ်းထဲက မူကြိုကျောင်းက ကလေးလေးကို ဝင်ဖမ်းတာ သူဦးဆောင်တာ”ဟု ဆင်မင်းရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။

အုပ်ချုပ်ရေးမှူးလှမိုးသည် ဝဲရင်အုံ၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၅ ရက်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းအတွင်း ဖွင့်ထားသည့် BC အမည်ရှိ မူကြိုကို DC တစ်စီး၊ အိမ်စီးကားတစ်စီး၊ ရဲကားတစ်စီးနှင့် အရပ်ဝတ်များ ရဲယူနီ ဖောင်းများဖြင့် လာရောက်ကာ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသည့် ကလေးငယ်၏ မိဘများမှာ PDF ထောက်ပံ့နေသူများဟု စစ်ကောင်စီက မတရားစွပ်စွဲကာ ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။