Connect with us

Hi, what are you looking for?

LuduNwayOo

News

အလုံတွင် (၄)နှစ်အရွယ် မူကြိုက​လေးငယ်အား ဖမ်းဆီး​ရာတွင်ဦး​​ဆောင်သူအုပ်ကြီး ယ​နေ့ အသတ်ခံရ

အုပ်ချုပ်ရေးမှူးလှမိုးသည် ဝဲရင်အုံ၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ရန်ကုန်မြို့ အလုံမြို့နယ်တွင် (၄)နှစ်အရွယ် မူကြိုကလေးငယ်အား ဖမ်းဆီး​ခေါ်​ဆောင်ရာတွင်ဦးဆောင်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ယနေ့(မေ ၁၇ ရက်) ညနေ ၄နာရီတွင် ဆင်မင်းစျေးအနောက်ဖက်၊ သိပ္ပံလမ်းတွင် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးလှမိုးမှာ သေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။

“တကယ့်ကို သတ်ရမယ့် စစ်ကောင်စီရဲ့ခွေးပါ။ပြီးခဲ့တဲ့လက နာမည်ကြီးသွားတဲ့ စက်တွင်းလမ်းထဲက မူကြိုကျောင်းက ကလေးလေးကို ဝင်ဖမ်းတာ သူဦးဆောင်တာ”ဟု ဆင်မင်းရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။

အုပ်ချုပ်ရေးမှူးလှမိုးသည် ဝဲရင်အုံ၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၅ ရက်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းအတွင်း ဖွင့်ထားသည့် BC အမည်ရှိ မူကြိုကို DC တစ်စီး၊ အိမ်စီးကားတစ်စီး၊ ရဲကားတစ်စီးနှင့် အရပ်ဝတ်များ ရဲယူနီ ဖောင်းများဖြင့် လာရောက်ကာ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသည့် ကလေးငယ်၏ မိဘများမှာ PDF ထောက်ပံ့နေသူများဟု စစ်ကောင်စီက မတရားစွပ်စွဲကာ ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။