Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်တွင် ယနေ့နံနက်က စစ်ကောင်စီတပ်နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ဦးထက်မနည်းသေနိုင်ဟု KLG PDF ပြော

ကနဦးမိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ်တွင် ယနေ့(မေ ၁၈ရက်)နံနက် ၆ နာရီခွဲခန့်က ကနီမြို့နယ် မြသိန်းတန် ဘုရားကုန်းပေါ်မှဆင်းလာသော စစ်ကောင်စီတပ်ကို KLG PDF၊M&K the Boy၊People Defence Army Yinmarbin (PDA)နှင့် ဒေသခံပကဖအဖွဲ့များပူးပေါင်း၍ တိုက်မိုင်း ၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကနီမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ်နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ဦးထက်မနည်းရှိနိုင်ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ(KLG PDF)က ထုတ်ပြန်သည်။

ကနဦးမိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ်တွင် ယနေ့(မေ ၁၈ရက်)နံနက် ၆ နာရီခွဲခန့်က ကနီမြို့နယ် မြသိန်းတန် ဘုရားကုန်းပေါ်မှဆင်းလာသော စစ်ကောင်စီတပ်ကို KLG PDF၊M&K the Boy၊People Defence Army Yinmarbin (PDA)နှင့် ဒေသခံပကဖအဖွဲ့များပူးပေါင်း၍ တိုက်မိုင်း ၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် ၁၀ဦးထက်မနည်း သေဆုံးနိုင်ကြောင်း KLG PDFက အသိပေးသည်။

ထို့နောက် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် နံနက် ၈ နာရီခန့်တွင် ရေဘုတလင်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ ပြီး ၎င်းတို့ ပြန်ထွက်လာသည့် လမ်းကြောင်းကို ပူးပေါင်းတပ်က တိုက်မိုင်းများဖြင့် စောင့်၌ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖြစ်စဥ်တွင်လည်း စစ်ကောင်စီတပ်သား ၁၀ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များ ပြားသည်ဟု KLG PDF တာဝန်ရှိသူက ခန့်မှန်းထားသည်။

“ဒုတိယဖြစ်စဥ်မှာတော်တော်ထိတာသေချာတယ်။အဲဒီလို အထိနာလို့လည်း အခုမနက် ၉ နာရီခွဲအထိ ချောင်းဝကြီးရွာကို ထပ်ဝင်ပြီး မီးရှို့တာတွေလုပ်နေတယ်။ထိတွေ့မှုက ဆက်ဖြစ်နိုင်သေးတယ်”ဟု ၎င်းက People’s Springသို့ ပြောသည်။

ယခုလ ဒုတိယပတ်ကစ၍ ယင်းမာပင်မြို့မှတစ်ဆင့် ကနီမြို့ နယ်သို့ အင်အား ၁၀၀ကျော်ဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့သည်။

ထို့ကြောင့် မေလ ၁၅ ရက်က ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များသည် သုံးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ကာကွယ် ရေးတပ်များက သီးခြားစီထုတ်ပြန်ထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ