Connect with us

Hi, what are you looking for?

News

ဒီ​မော့ဆိုမြို့နယ်တွင်ကင်းလှည့်​နေ​သောစစ်​​ကောင်စီတပ်ကို KRU တိုက်ခိုက်စစ်သား၃ ဦး​သေ၊ KRU ၁ ဦးဒဏ်ရာရ

စစ်ကောင်စီဖက် မှ အထိနာခဲ့သောကြောင့် ည ၈နာရီ မိနစ် ၂၀ ခန့် တွင်လက်နက်ကြီး ၊တင့်ကား ၊လက်နက်ငယ် များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း (KRU) ရဲဘော်များမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကရင်နီ​တော်လှန်​ရေးတပ်​ပေါင်းစုတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KRU

ကရင်နီ(ကယား)ပြည်နယ်၊ဒီမော့ဆိုမြို့နယ် ၊ကုန်းသာကျေးရွာအနီး ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို ပြောက်ကျားဝင်တိုက်ရာ သုံးဦသေဆုံး ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု- KRU က ယနေ့(မေ ၁၈ ရက်)တွင် ထုတ် ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ (မေလ၁၇ရက်) ည(၈)နာရီခန့်တွင် စစ်ကောင်စီတပ်မှ ကင်းလှည့်နေစဥ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့ မှ ရှောင်တခင် ဝင်တိုက်ခိုက်ခဲ့သည်ဟု ​ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဒဏ်ရာရ​နေ​သော ရဲ​ဘော်ကို​ဆေးကုသ​ပေး​နေစဥ်။ဓါတ်ပုံ-KRU

“ရန်သူကင်းလှည့်လာတဲ့ အင်အားက ၂၀ ကျော်လောက်ရှိတယ်။ကျွန်တော်တို့ KRU အနေနဲ့ က မြေပြင်အနေအထားအရ ပြောက်ကျား စနစ်ကိုရွေးပြီးတိုက်ခဲ့တယ်။ရန်သူ သုံးဦး သေတာ တော့ သေချာ သိနိုင်ခဲ့တယ်။ကျွန်တော်တို့ ဘက်က ရဲဘော်တစ်ဦးကတော့ လက်ဖျံကို ကျည်ရှပ်ထိ ဒဏ်ရာရခဲ့တာ။လောလောဆယ် ဆေးကုသပေးနေပါတယ်။မစိုးရိမ်ရတော့ဘူး”ဟု KRU တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီဖက် မှ အထိနာခဲ့သောကြောင့် ည ၈နာရီ မိနစ် ၂၀ ခန့် တွင်လက်နက်ကြီး ၊တင့်ကား ၊လက်နက်ငယ် များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း (KRU) ရဲဘော်များမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း ဒီးမော့ဆို မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက် မှု ငါးကြိမ်းထက်မနည်း KRU က ဆောင်ရွက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook