Connect with us

Hi, what are you looking for?

News

ဒီ​မော့ဆိုမြို့နယ်တွင်ကင်းလှည့်​နေ​သောစစ်​​ကောင်စီတပ်ကို KRU တိုက်ခိုက်စစ်သား၃ ဦး​သေ၊ KRU ၁ ဦးဒဏ်ရာရ

စစ်ကောင်စီဖက် မှ အထိနာခဲ့သောကြောင့် ည ၈နာရီ မိနစ် ၂၀ ခန့် တွင်လက်နက်ကြီး ၊တင့်ကား ၊လက်နက်ငယ် များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း (KRU) ရဲဘော်များမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကရင်နီ​တော်လှန်​ရေးတပ်​ပေါင်းစုတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KRU

ကရင်နီ(ကယား)ပြည်နယ်၊ဒီမော့ဆိုမြို့နယ် ၊ကုန်းသာကျေးရွာအနီး ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို ပြောက်ကျားဝင်တိုက်ရာ သုံးဦသေဆုံး ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု- KRU က ယနေ့(မေ ၁၈ ရက်)တွင် ထုတ် ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ (မေလ၁၇ရက်) ည(၈)နာရီခန့်တွင် စစ်ကောင်စီတပ်မှ ကင်းလှည့်နေစဥ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့ မှ ရှောင်တခင် ဝင်တိုက်ခိုက်ခဲ့သည်ဟု ​ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဒဏ်ရာရ​နေ​သော ရဲ​ဘော်ကို​ဆေးကုသ​ပေး​နေစဥ်။ဓါတ်ပုံ-KRU

“ရန်သူကင်းလှည့်လာတဲ့ အင်အားက ၂၀ ကျော်လောက်ရှိတယ်။ကျွန်တော်တို့ KRU အနေနဲ့ က မြေပြင်အနေအထားအရ ပြောက်ကျား စနစ်ကိုရွေးပြီးတိုက်ခဲ့တယ်။ရန်သူ သုံးဦး သေတာ တော့ သေချာ သိနိုင်ခဲ့တယ်။ကျွန်တော်တို့ ဘက်က ရဲဘော်တစ်ဦးကတော့ လက်ဖျံကို ကျည်ရှပ်ထိ ဒဏ်ရာရခဲ့တာ။လောလောဆယ် ဆေးကုသပေးနေပါတယ်။မစိုးရိမ်ရတော့ဘူး”ဟု KRU တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီဖက် မှ အထိနာခဲ့သောကြောင့် ည ၈နာရီ မိနစ် ၂၀ ခန့် တွင်လက်နက်ကြီး ၊တင့်ကား ၊လက်နက်ငယ် များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း (KRU) ရဲဘော်များမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း ဒီးမော့ဆို မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက် မှု ငါးကြိမ်းထက်မနည်း KRU က ဆောင်ရွက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။