Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကျောက်မျက်ပြပွဲမှာ ဝယ်ယူသူတွေကို ခိုးရာပါပစ္စည်းလက်ခံမှုနဲ့ NUG အရေးယူမယ်

ရတနာပြပွဲတွေမှာ ပါဝင်တဲ့ပုဂ္ဂလိက ကုမ္ပဏီတွေ ၊အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ ၊လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေ လုပ်မယ်လို့ လည်းသိရပါတယ်။

People's Spring
People's Spring

စစ်ကောင်စီလက်ထက်မှာပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာ ဝယ်ယူခဲ့သူတွေကို ခိုးရာပါ ပစ္စည်း လက်ခံမှုနဲ့အမှုဖွင့်အရေးယူသွားဖို့ရှိတယ်လို့ NUG ရဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ အသိပေးကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီကြေညာအရ စစ်ကောင်စီ ရဲ့ကျောက်မျက်ပြပွဲတွေမှာ ဝယ်ယူခဲ့သူတွေကို ဝယ်ယူချိန်က ပေးချေခဲ့တဲ့ တန်းဖိုး ၂ ဆကို နိုင်ငံတော်ထံ ပြန်လည်ပေးလျော်ရမှာဖြစ်တဲ့အပြင် ခိုးရာပါပစ္စည်းလက်ခံမှုနဲ့အမှုဖွင့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် နိုင်ငံပိုင်ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာ ၊ ပုလဲအတွဲတွေကို ရောင်းချရာမှာ အဓိက တာဝန်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို နိုင်ငံတော်ပိုင်ပစ္စည်းအလွဲသုံးမှုနဲ့အရေးယူမယ်လိုNUG က သတိပေးထားပါတယ်။

ရတနာပြပွဲတွေမှာ ပါဝင်တဲ့ပုဂ္ဂလိက ကုမ္ပဏီတွေ ၊အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ ၊လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေ လုပ်မယ်လို့ လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းနဲ့ ဒီနှစ်ဧပြီအတွင်းနေပြည်တော်မှာ ကျောက်မျက်ပြပွဲကျင်းပခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။