Connect with us

Hi, what are you looking for?

News

လေးရက်တာတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချေမှုန်းနိုင်ခဲ့ပြီးလက်နက်ခဲယမ်းများရ​ကြောင်း မြင်းခြံပြောက်ကျားတပ်ထုတ်ပြန်

စစ်​ကြောင်းထိုးလာ​သောစစ်​ကြောင်းမှ စစ်သားသုံးဦးကိုစနိုက်ပါဖြင့်ပစ်ခတ်​ချေမှုန်းခဲ့ပြီး ထိပ်တိုက် ​တွေ့ဆုံတိုက်ပွဲဖြစ်ရာတွင်လည်းစစ်​ကောင်စီတပ်မှ​သေဆုံးထိ့ခိုက်မှုရှိခဲ့​ကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ စစ်​ကောင်စီတပ်​မှသေဆုံး ဒဏ်ရာရရှိမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(သိမ်းပိုက်ရရှိ​သော လက်နက်ခဲယမ်း​တွေနဲ့ MG-6 တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MG-6)

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကိုစနိုက်ပါဖြင့် ပစ်ခတ်နိုင်ခဲ့ပြီး လေးရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း MG 6 ပြောက်ကျားတပ်က ယနေ့သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် MG 6 ပြောက်ကျားတပ်(မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း)၊ ဒေသခံကာကွယ်ရေးတပ်တို့အကြား မေ ၁၀ မှ ၁၄ ရက်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့ကြောင်း MG 6 ပြောက်ကျားတပ်က ဆိုသည်။

(သိမ်းပိုက်ရရှိ​သော လက်နက်ခဲယမ်း​တွေနဲ့ MG-6 တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MG-6)

စစ်​ကြောင်းထိုးလာ​သောစစ်​ကြောင်းမှ စစ်သားသုံးဦးကိုစနိုက်ပါဖြင့်ပစ်ခတ်​ချေမှုန်းခဲ့ပြီး ထိပ်တိုက် ​တွေ့ဆုံတိုက်ပွဲဖြစ်ရာတွင်လည်းစစ်​ကောင်စီတပ်မှ​သေဆုံးထိ့ခိုက်မှုရှိခဲ့​ကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ စစ်​ကောင်စီတပ်​မှသေဆုံး ဒဏ်ရာရရှိမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

ယင်း လေးရက်တာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ G3 သေနတ် ၁ လက်၊ 94 သေနတ် ၂ လက် အပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

(သိမ်းပိုက်ရရှိ​သော လက်နက်ခဲယမ်း​တွေနဲ့ MG-6 တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MG-6)

အဆိုပါတိုက်ပွဲသတင်းထုတ်ပြန်ခြင်းနှင့်အတူ တိုက်ပွဲအတွင်း အသုံးပြုရန် လိုအပ်သော လက်နက် ခဲယမ်းများကို ပြည်သူလူထုက တတ်အားသရွေ့ ကူညီထောက်ပံ့ကြရန်လည်း MG 6 ပြောက် ကျားတပ်က မေတ္တာရပ်ခံသည်။

မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်းသည် RPG ဝယ်ယူရန်ကြိုးစားနေပြီး ယင်းအတွက် ပါဝင်အားဖြည့်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook