Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဦးနှင့် ဒီပဲယင်းအစပ်တွင် စစ်​ကောင်စီတပ်က​သေဆုံးစစ်သားအ​လောင်းများကိုမီးရှို့ပြီးထားခဲ့

စစ်​ကောင်စီတပ်သည် မေလ ၁၉ ရက်နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်​ကောင်စီတပ်က ​သေဆုံးစစ်သားအ​​လောင်းမီးရှို့ထားခဲ့မှု ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့်ဒီပဲယင်းနယ်အစပ်တွင် စစ်​ကောင်စီတပ်က သေဆုံးစစ်သားများ​၏ အလောင်းများကိုမီးရှို့ ပြီးထားခဲ့သွားကြောင်း ရေဦးပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့)က ပြောသည်။

ယမန်နေ့(မေလ ၁၉ရက်နေ့) ညနေ ၄နာရီခန့်က ရေဦးမြို့မှ ထွက်လာသည့် စစ်အုပ်စုကို ပေါက်သာရွာအနီးတွင် ရေဦးပကဖ ၊ ​ရေဦးPDF နှင့် ပလဖ(ပြည်သူ့လုံခြုံ​ရေးအဖွဲ့)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်လက်၍ ရေဦးပကဖ၊ဒီပဲရင်း ပကဖ နှင့် ပလဖ ပူးပေါင်းအဖွဲ့တို့က ဒုတိယမိုင်းဆွဲပြီးလက်နက်ငယ်ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သားများထပ်မံသေဆုံးခဲ့ကြောင်း​ရေဦးပကဖ က​ပြောသည်။ ထို့အပြင်သေဆုံးစစ်သားများ၏ရုပ်အ​လောင်းများကို ၎င်းတို့ကိုယ်တိုင်မီးရှို့ထားခဲ့ကြောင်း ရေဦးပကဖ အဖွဲ့က ပြောသည်။

Public Service Announcement

ယနေ့ မေလ ၂၀ ရက်နေ့တွင်လည်း စစ်​ကောင်စီတပ်က ဖန်းကာဇင်ရွာနှင့် ချောင်းရိုးရွာကိုမီးရှို့ဖျက်ဆီးနေကြောင်းလည်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညနေ၅နာရီခန့်က အကြမ်းဖက်စစ်တပ်သည် ပေါက်သာကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသော အပြစ်မဲ့ပြည်သူများကို လက်နက်ကြီးဖြစ်ပစ်ခတ်ခဲ့၍ ၁၃ ဦး လက်နက်ကြီးထိမှန်ကာ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ​ပြောသည်။သေဆုံးသူငါးဦးမှာ အသက် ၂၇ နှစ်မှ ၅၂ နှစ်အတွင်း အမျိုးသားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီတပ်သည် မေလ ၁၉ ရက်နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းတွင်ရေဦး နှင့် ဒီပဲယင်း နယ်အစပ် စစ်ကြောင်းထိုးလာရာတွင်လည်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းနယ်အတွင်းပါ ဝင်ရောက်ပစ်ခတ်နေသဖြင့် ရေဦး၊ ဒီပဲယင်းနယ်စပ်ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။