Connect with us

Hi, what are you looking for?

News

ရေဦးနှင့် ဒီပဲယင်းအစပ်တွင် စစ်​ကောင်စီတပ်က​သေဆုံးစစ်သားအ​လောင်းများကိုမီးရှို့ပြီးထားခဲ့

စစ်​ကောင်စီတပ်သည် မေလ ၁၉ ရက်နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်​ကောင်စီတပ်က ​သေဆုံးစစ်သားအ​​လောင်းမီးရှို့ထားခဲ့မှု ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့်ဒီပဲယင်းနယ်အစပ်တွင် စစ်​ကောင်စီတပ်က သေဆုံးစစ်သားများ​၏ အလောင်းများကိုမီးရှို့ ပြီးထားခဲ့သွားကြောင်း ရေဦးပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့)က ပြောသည်။

ယမန်နေ့(မေလ ၁၉ရက်နေ့) ညနေ ၄နာရီခန့်က ရေဦးမြို့မှ ထွက်လာသည့် စစ်အုပ်စုကို ပေါက်သာရွာအနီးတွင် ရေဦးပကဖ ၊ ​ရေဦးPDF နှင့် ပလဖ(ပြည်သူ့လုံခြုံ​ရေးအဖွဲ့)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်လက်၍ ရေဦးပကဖ၊ဒီပဲရင်း ပကဖ နှင့် ပလဖ ပူးပေါင်းအဖွဲ့တို့က ဒုတိယမိုင်းဆွဲပြီးလက်နက်ငယ်ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သားများထပ်မံသေဆုံးခဲ့ကြောင်း​ရေဦးပကဖ က​ပြောသည်။ ထို့အပြင်သေဆုံးစစ်သားများ၏ရုပ်အ​လောင်းများကို ၎င်းတို့ကိုယ်တိုင်မီးရှို့ထားခဲ့ကြောင်း ရေဦးပကဖ အဖွဲ့က ပြောသည်။

Public Service Announcement

ယနေ့ မေလ ၂၀ ရက်နေ့တွင်လည်း စစ်​ကောင်စီတပ်က ဖန်းကာဇင်ရွာနှင့် ချောင်းရိုးရွာကိုမီးရှို့ဖျက်ဆီးနေကြောင်းလည်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညနေ၅နာရီခန့်က အကြမ်းဖက်စစ်တပ်သည် ပေါက်သာကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသော အပြစ်မဲ့ပြည်သူများကို လက်နက်ကြီးဖြစ်ပစ်ခတ်ခဲ့၍ ၁၃ ဦး လက်နက်ကြီးထိမှန်ကာ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ​ပြောသည်။သေဆုံးသူငါးဦးမှာ အသက် ၂၇ နှစ်မှ ၅၂ နှစ်အတွင်း အမျိုးသားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီတပ်သည် မေလ ၁၉ ရက်နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းတွင်ရေဦး နှင့် ဒီပဲယင်း နယ်အစပ် စစ်ကြောင်းထိုးလာရာတွင်လည်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းနယ်အတွင်းပါ ဝင်ရောက်ပစ်ခတ်နေသဖြင့် ရေဦး၊ ဒီပဲယင်းနယ်စပ်ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။