Connect with us

Hi, what are you looking for?

News

ဖယ်ခုံတိုက်ပွဲ ၆ရက်မြောက်တွင် စစ်ကောင်စီတပ် သုံး​နေရာဆိုင်၍ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေ

မေလ ၁၈ရက်က တိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် ရဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရှိခဲ့သည်ဟု KNDFတပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။

▪️ပြည်သူ့ရဲဘော်များ ကျည်မလောက်ငှဖြစ်နေ

ဖယ်ခုံမြို့နယ်အတွင်းဖြစ်ပွား​နေသည့် တိုက်ပွဲ ၆ရက်​​မြောက်​နေ့တွင် စစ်ကောင်စီက နေရာသုံး​နေရာမှဆိုင်၍ လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်နေကြောင်း ယနေ့ နေ့လယ်တိုက်ပွဲအခြေအ​ကို KNDF တပ်ရင်း(၃)က ထုတ်ပြန်သည်။

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းကို လွိုင်ကော်အမြောက်တပ်၊ ဖယ်ခုံအမြောက်တပ်၊ မိုးဗြဲမှ စစ်ကောင်စီ၏ တပ်ရင်း (၄၄၂)စခန်းမှနေ၍ ဒုံးများနှင့် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသည်ဟု ထုတ်ပြန်သည်။

“အတွဲလိုက်ဒုံး/လက်နက်ကြီးတွေနဲ့ အခုပစ်နေပါတယ်။ တိုက်ပွဲပြင်းထန်နေတယ်၊ ကျည်တွေလည်း လိုနေတယ်” ဟု KNDF တပ်ရင်း(၃)မှ အရေးပေါ် အကူအညီတောင်းထားသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့ အရှေ့ဖက်ခြမ်းတွင် မေလ ၁၅ရက်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ယနေ့မှာ ၆ ရက်မြောက်​နေ့တိုက်ပွဲဖြစ်နေသည်။

မေလ ၁၈ရက်က တိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် ရဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရှိခဲ့သည်ဟု KNDFတပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။

လတ်တလောဖြစ်နေသည့် တိုက်ပွဲတွင် ကျည်ဆန်နှင့်လက်နက်ခံယမ်းများ လိုအပ်နေပြီး ပြည်တွင်းရော ပြည်ပမှ အလှူရှင်များ လှူဒါန်းနေကြရန် မေတ္တာရပ်ခံထားသည်။

” ကျွန်တော်တို့ဟာ အလုပ်ကိုင်စွန့်ပြီး တော်လှန်ရေးထဲရောက်လာကြတဲ့ သူတွေမို့ စိုက်ထုတ်စရာ အသပြာ မရှိတဲ့အတွက် အခုလို နှိမ့်ချစွာနဲ့ အကူညီတောင်းရခြင်း ဖြစ်ပါတယ်။ အသက်နဲ့ ခန္ဓာကလွဲပြီး ရင်းနှီးစရာ မရှိတော့တာကြောင့် အားလုံးလည်း နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ကို ပံ့ပိုးပေးကြပါ”ဟု KNDF တပ်ရင်း(၃) က လူထုထံ မေတ္တာရပ်ခံထားသည်။

KNDF တပ်ရင်း(တပ်ရင်း၃)သို့ အောက်ပါ link (မက်ဆင်ဂျာတွင်ပို့ထားသည်) မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

https://www.facebook.com/KNDFB03/

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။