Connect with us

Hi, what are you looking for?

News

မြိုင်နယ်တွင် စစ်အုပ်စုက ​စစ်​ကြောင်းထိုးပြီး ​ကျေးရွာများမီးရှို့ဖျက်ဆီး​နေ၍ ပြည်သူများ သတိထား​နေထိုင်ကြရန် ဂဠုန်ပြောက်ကျားတပ် သတိ​ပေး

မေလ ၁၅ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။ယင်းနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။

(မြိုင်မြို့နယ်ရှိ လက်ယက်မ​ကျေးရွာ စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

ပျူစောထီးများပါသည့် စစ်အုပ်စုသည် မ​ကွေးတိုင်း မြိုင်မြို့နယ်တစ်ကြော စစ်ကြောင်းထိုးကာ ​ဒေသခံပြည်သူများ၏ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေ၍ စစ်ကြောင်းသတင်းများကို မျက်ခြေပြတ်မခံဘဲ အထူးသတိထားနေထိုင်ကြရန် ဂဠုန်ပြောက်ကျားတပ်ဖွဲ့က ​မေလ၂၀ရက်တွင် သတိပေးထုတ်ပြန်သည်။

ယမန်နေ့(မေ ၁၉ရက်)က အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများသည် မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာအား စစ်ကြောင်းထိုးကာ နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြသည်။ အဆိုပါ စစ်ကြောင်းသည် ပန်းတိုင်းတောကျေးရွာမှ ပြန်လာစဥ် ညဘက်၌ ပြည်သူ့ကာကွယ် ရေး မဟာမိတ် ၁၅ဖွဲ့ထက်မနည်းက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

မေလ ၁၉ ရက် ည ၉နာရီ ၃၀မိနစ်မှ ၁ဝ နာရီ ၃၀မိနစ်အထိ တစ်နာရီခန့်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု ဂဠုန်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

“ညဘက်ကြီး သေချာစီမံပြီး စောင့်တွယ်တာ။ စစ်ခွေးတွေ ကစဥ့်ကလျားထွက်ပြေးတာ။ ကျတော်တို့ဘက်က အထိအခိုက်လုံးဝမရှိခဲ့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲကို ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်အောက်ရှ်ိ ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့ ၊ ငဘ လက်နက်ကြီးတပ်ဖွဲ့ ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ Myaing Warriors ၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ PKU North၊ Earthquake People Defense Force၊ NYSO ပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ပေါင်းစုများစုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၁၅ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။ယင်းနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။

လတ်တလောတွင် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေပြီး ရှုံးမဲမဲနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း