Connect with us

Hi, what are you looking for?

News

ဖားကန့်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်​နေ

ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၀)ရှိနေပြီး ယမန်နေ့(မေ ၂၁ရက်) ညတွင် ရဲတပ်ရင်းဘက်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ နံနက် ၅နာရီခန့်မှစတင်ကာ ကချင် လွတ်လပ်​ရေးတပ်မ​တော် (KIA)၊ PDF ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု ဒသခံများပြောသည်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“မနက် ၅နာရီလောက်က စဖြစ်တာ။ တိုက်ပွဲကြီးတယ်။ သေနတ်ပစ်ခတ်သံတွေ ကြမ်းတယ်။ ၆ နာရီလောက်ကျတော့ ရပ်သွားတယ်။ ဒါပေမယ့် အခုထိ သေနတ်သံ တစ်ချက် တစ်ချက် ကြားနေရတုန်းပဲ”ဟု ယနေ့( မေလ ၂၂ရက်)နံနက် ၈ နာရီခန့်က အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၀)ရှိနေပြီး ယမန်နေ့(မေ ၂၁ရက်) ညတွင် ရဲတပ်ရင်းဘက်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရဲတပ်ရင်းက တစ်ညလုံး​ခြောက်ပစ်နေတာ။ မနက် ဝေလီဝေလင်းမှာတော့ ကေအိုင်အေနဲ့ PDF က ဝင်ဆော်တာ” ဟု ဝေခါကျေးရွာမှ ဒေသခံတစ်ဦးက ​ပြောသည်။

သို့​သော် တိုက်ပွဲနောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသည် မေလ ၂၁ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံလိုက်ရသေးသည်။ မည်သည့်အဖွဲ့က ဖမ်းသွားသည်ကို အတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။