Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆေးကောင်စီကို ဖျက်သိမ်းအရေးယူမည်

မြန်မာနိုင်ငံဆေးကောင်စီသည် ကျန်းမာရေးလောကတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး ဆရာဝန်များအား ဆေးကုသခွင့် ဆမလက်မှတ်ထုတ်ပေးခြင်း၊ ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည့် အာဏာ ပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆေးကောင်စီကို ဖျက်သိမ်းအရေးယူမည့်အစီအမံများ စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီက ယနေ့(မေ ၂၂)ထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် Zoom meeting ဖြင့် ပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်လွင်လည်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အစည်းအဝေး၌ ဆေးကောင်စီအား ဖျက်သိမ်းအရေးယူမည့် အစီအမံများအပြင် ဖက်ဒရယ်ဆမလက်မှတ်များ စိစစ်ထုတ်ပေးရေး၊ တိုင်း ရင်းသားဒေသများတွင် ကျန်းမာရေးပညာရှင်များ မွေးထုတ်ရေးနှင့် Nurse Aid သင်တန်းများကို အရည်အသွေးစိစစ်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆေးကောင်စီသည် ကျန်းမာရေးလောကတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး ဆရာဝန်များအား ဆေးကုသခွင့် ဆမလက်မှတ်ထုတ်ပေးခြင်း၊ ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည့် အာဏာ ပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီကို စစ်ကောင်စီလက်အောက်တွင် တာ ဝန်မထမ်းဘဲ CDM ပြုလုပ်ထားသော ကျန်းမာ ရေးပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ရာထူးမှ CDM ပြုလုပ်ထားသော ဒေါက်တာခင်မောင်လွင်က တာဝန်ယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။