Connect with us

Hi, what are you looking for?

News

PDF ​ထောင်ထား​သောမိုင်းကို ကား​ပေါ်ဖြုတ်သယ်သွား​သောရဲနှင့်ပျူ ၁၃ဦးလုံးမိုင်းကွဲ​သေဆုံးဟု MC-KC DF​ပြော

ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်​နေ​သောရဲနှင့်ပျူ​စောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းတစ်နေရာတွင် ​မေ ၂၂ ရက် နေ့လည် ၁ နာရီ ခန့်တွင်ရဲနှင့်ပျူ ၁၃ ဦးပါသောလိုက်ထ ရပ်ကားအားမိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက် ကနဦး ၅ ဦး​သေဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

(မိုင်းဖြုတ်သယ်သွားပြီး​ပေါက်ကွဲခဲ့​သောကား၊ ဓါတ်ပုံ-MC-KC DF)

PDFများ​ထောင်ထား​​သော မိုင်း​ကိုကားပေါ်သို့ဖြုတ်၍သယ်ဆောင်သွားသည့် ရဲနှင့်ပျူစောထီးအဖွဲ့ဝင်များမိုင်းထပ်အားလုံး သေဆုံးသွားကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MC – KC DF )ကယနေ့ (မေ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်​နေ​သောရဲနှင့်ပျူ​စောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းတစ်နေရာတွင် ​မေ ၂၂ ရက် နေ့လည် ၁ နာရီ ခန့်တွင်ရဲနှင့်ပျူ ၁၃ ဦးပါသောလိုက်ထ ရပ်ကားအားမိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက် ကနဦး ၅ ဦး​သေဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

“မိဘပြည်သူများခင်ဗျာ ကားပေါ်သို့ မိုင်းဖြုတ်ယူဆောင်သွားသော ​​— (၁၃) ကောင် အားလုံး Tay ဆုံးသွားပါကြောင်း မိဘပြည်သူများထံ သတင်းကောင်းပါးလိုက်ပါသည်”ဟု MC – KC DF က ထပ်မံရရှိ​သောသတင်းကိုအသိပေးသည်။

“ငါးဂါလံ ပုံးအဝါတစ်လုံးနဲ့ ဆင်ထားတဲ့ မိုင်းတစ်လုံးဗျ။သယ်သွားပြီး မကြာဘူး ပေါက်တာပဲ”ဟု MC – KC DF က People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီလက်​အောက်ခံ ရဲနှင့်ပျူ များ​သေဆုံးမှုကို People’s Spring အ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အဆိုပါ တိုက်ခိုက်မှုသည် ရဲဘော် ရှောင်လင်၏ မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် တိုက်ခိုက်ခြင်းဟု MC – KC DF က ပြောသည်။

ထို့အပြင် မေ ၂၂ ရက် ညနေပိုင်းက တန့်ကြည့်တောင်အနောက်ဘက်တွင် စစ်​ကောင်စီတပ်နှင့်ပျု စောထီးများမောင်းနှင်လာသော ကားနှစ်စီးကို ​ MC – KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှု နှစ်ခုတွင် PDFများ မိခင်တပ်ရင်းများသို့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။