Connect with us

Hi, what are you looking for?

LuduNwayOo

News

PDF ​ထောင်ထား​သောမိုင်းကို ကား​ပေါ်ဖြုတ်သယ်သွား​သောရဲနှင့်ပျူ ၁၃ဦးလုံးမိုင်းကွဲ​သေဆုံးဟု MC-KC DF​ပြော

ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်​နေ​သောရဲနှင့်ပျူ​စောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းတစ်နေရာတွင် ​မေ ၂၂ ရက် နေ့လည် ၁ နာရီ ခန့်တွင်ရဲနှင့်ပျူ ၁၃ ဦးပါသောလိုက်ထ ရပ်ကားအားမိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက် ကနဦး ၅ ဦး​သေဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

(မိုင်းဖြုတ်သယ်သွားပြီး​ပေါက်ကွဲခဲ့​သောကား၊ ဓါတ်ပုံ-MC-KC DF)

PDFများ​ထောင်ထား​​သော မိုင်း​ကိုကားပေါ်သို့ဖြုတ်၍သယ်ဆောင်သွားသည့် ရဲနှင့်ပျူစောထီးအဖွဲ့ဝင်များမိုင်းထပ်အားလုံး သေဆုံးသွားကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MC – KC DF )ကယနေ့ (မေ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်​နေ​သောရဲနှင့်ပျူ​စောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းတစ်နေရာတွင် ​မေ ၂၂ ရက် နေ့လည် ၁ နာရီ ခန့်တွင်ရဲနှင့်ပျူ ၁၃ ဦးပါသောလိုက်ထ ရပ်ကားအားမိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက် ကနဦး ၅ ဦး​သေဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

“မိဘပြည်သူများခင်ဗျာ ကားပေါ်သို့ မိုင်းဖြုတ်ယူဆောင်သွားသော ​​— (၁၃) ကောင် အားလုံး Tay ဆုံးသွားပါကြောင်း မိဘပြည်သူများထံ သတင်းကောင်းပါးလိုက်ပါသည်”ဟု MC – KC DF က ထပ်မံရရှိ​သောသတင်းကိုအသိပေးသည်။

“ငါးဂါလံ ပုံးအဝါတစ်လုံးနဲ့ ဆင်ထားတဲ့ မိုင်းတစ်လုံးဗျ။သယ်သွားပြီး မကြာဘူး ပေါက်တာပဲ”ဟု MC – KC DF က People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီလက်​အောက်ခံ ရဲနှင့်ပျူ များ​သေဆုံးမှုကို People’s Spring အ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အဆိုပါ တိုက်ခိုက်မှုသည် ရဲဘော် ရှောင်လင်၏ မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် တိုက်ခိုက်ခြင်းဟု MC – KC DF က ပြောသည်။

ထို့အပြင် မေ ၂၂ ရက် ညနေပိုင်းက တန့်ကြည့်တောင်အနောက်ဘက်တွင် စစ်​ကောင်စီတပ်နှင့်ပျု စောထီးများမောင်းနှင်လာသော ကားနှစ်စီးကို ​ MC – KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှု နှစ်ခုတွင် PDFများ မိခင်တပ်ရင်းများသို့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။