Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် မီတာခများ အဓမ္မကောက်ခံခြင်းမပြုရန် EPCရုံးအား ဗုံးဖောက်ခွဲသတိပေးခဲ့ဟု PDF ပြော

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့တွင် လျှပ်စစ်မီတာခများ အဓမ္မကောက်ခံခြင်းမပြုရန် EPC ရုံးအား ဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ပြောသည်။

ယနေ့ (မေလ ၂၄ )ရက် ညနေ ၄နာရီ ၄၀မိနစ်ခန့်က ရေစကြိုမြို့အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေပြီး ပြည်သူလူထုအား မီတာခများအတင်းအဓမ္မ ကောက်ခံခြင်းမပြုရန်နှင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်ခြင်းမပြုရန် အဆိုပါရုံးရှိ လျှပ်စစ်ရုံးဝန်ထမ်းများအားပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း PDF ရေစကြိုက ပြောသည်။

Public Service Announcement

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (မေလ ၂၃ ရက်)က ရေစကြိုမြို့နယ် မြေတော်ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့်
ရဲတပ်ဖွဲ့ဝင် ၇ ဦးအား YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာရဲတပ်ဖွဲ့ဝင် သုံးဦးသေ၍ G3- နှစ်လက်၊G3ကျဉ် ၃၅တောင့်၊လက်ပစ်ဗုံး တစ်လုံး၊ဖုန်း နှစ် လုံး၊ငွေကျပ် သုံးသောင်းကျော်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း YSO-ISA က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

Facebook