Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေစကြိုတွင် မီတာခများ အဓမ္မကောက်ခံခြင်းမပြုရန် EPCရုံးအား ဗုံးဖောက်ခွဲသတိပေးခဲ့ဟု PDF ပြော

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့တွင် လျှပ်စစ်မီတာခများ အဓမ္မကောက်ခံခြင်းမပြုရန် EPC ရုံးအား ဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ပြောသည်။

ယနေ့ (မေလ ၂၄ )ရက် ညနေ ၄နာရီ ၄၀မိနစ်ခန့်က ရေစကြိုမြို့အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေပြီး ပြည်သူလူထုအား မီတာခများအတင်းအဓမ္မ ကောက်ခံခြင်းမပြုရန်နှင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်ခြင်းမပြုရန် အဆိုပါရုံးရှိ လျှပ်စစ်ရုံးဝန်ထမ်းများအားပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း PDF ရေစကြိုက ပြောသည်။

Public Service Announcement

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၂၃ ရက်)က ရေစကြိုမြို့နယ် မြေတော်ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့်
ရဲတပ်ဖွဲ့ဝင် ၇ ဦးအား YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာရဲတပ်ဖွဲ့ဝင် သုံးဦးသေ၍ G3- နှစ်လက်၊G3ကျဉ် ၃၅တောင့်၊လက်ပစ်ဗုံး တစ်လုံး၊ဖုန်း နှစ် လုံး၊ငွေကျပ် သုံးသောင်းကျော်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း YSO-ISA က သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement