Connect with us

Hi, what are you looking for?

News

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သူများကို ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်ရေး အင်တိုက်အားတိုက်လုပ်ဆောင်မည်

နိုင်ငံတကာအနေနှင့် ကြီးမားသည့် ရာဇဝတ်မှုအနေဖြင့် သတ်မှတ်ထားပြီး မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်များကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၏ တရားခံများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း အသိ ပေးသည်။

●စစ်အုပ်စုကအာဏာသိမ်းပြီး​နောက် ၁၁ ​နေရာတွင် ပြည်သူ ၁၇၀ ဦးခန့်ကို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ထား

မြန်မာနိုင်ငံအတွင်း အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုကျူးလွန်နေသော စစ်ကောင်စီခေါင်း ဆောင်များကို ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်ရေး အင်တိုက်အားတိုက် လုပ်ဆောင်သွားမည်ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ယနေ့(မေ ၂၅)ထုတ်ပြန်သည်။

ထိုသို့ ဆိုးရွားသည့် ရာဇဝတ်မှုများကို ကိုယ်ထိလက်ရောက်ကျူးလွန်သူများ၊ ကျူးလွန်ရန်ခိုင်းစေသူများကို ထိရောက်ကြီးလေးသည့် ပြစ်ဒဏ်များ ပေးနိုင်ရန် တိကျသေချာသော အချက်အလက်များ၊ သတင်းများ ရရှိထားပြီးဖြစ်သည်ဟုအမျိုးသားညီညွတ်​ရေးအစိုးရ၏ လူအခွင့်အ​ရေးဝန်ကြီးဌာနက ဖော်ပြသည်။

နိုင်ငံတကာအနေနှင့် ကြီးမားသည့် ရာဇဝတ်မှုအနေဖြင့် သတ်မှတ်ထားပြီး မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်များကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၏ တရားခံများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း လက္ခဏာရပ်များတွင် လက်နက်မဲ့(သို့)ကာကွယ်မှုမဲ့နေသူအမြောက်အများကိုသတ်ဖြတ်ခြင်း၊ တစ်နေရာတည်း (သို့) ဒေသတစ်ခုအတွင်းတွင် ကျူးလွန်ခြင်း၊ တစ်ချိန်တည်း (သို့) နေ့ရက်ကာလမကွာဘဲ ကျူးလွန်ခြင်း၊ကျူးလွန်ခံရသူများသည် တစ်ဘက်တည်း (သို့) တစ်ဖွဲ့တည်းကဖြစ်လေ့ရှိခြင်း၊ ကျူးလွန်ခံရသူများသည် လူမျိူးတူ၊ ဘာသာတူ၊ အုပ်စုတူ၊ အခြေအနေတူများ ဖြစ်လေ့ရှိခြင်း၊သတ် ဖြတ်ခံရသောပုံစံများ၊ ဖျောက်ဖျက်ဖျက်စီး မြှုပ်နှံထားမှုပုံစံနှင့် သတ်ဖြတ်ခဲ့သည့် ရည် ရွယ်ချက်များတူခြင်း စသည်တို့ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက အဆိုပါ ရာဇ ဝတ်မှုများကို ကျူးလွန်နေခြင်းကြောင့် စစ် ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ ပြည်သူများမှာ နေ့စဉ် ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းခံနေရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီက သတင်းစီးဆင်းမှုမရရှိအောင် ပြုလုပ်ထားသည့် နေရာဒေသများတွင် ယခုထက်ပိုသည့် ရာဇဝတ်မှုများ ပိုမိုကျူးလွန်၊ များပြားနိုင်ချေရှိသည်ဟု ဆိုသည်။

အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းရာဇဝတ်မှုသည် ကြီးလေးသည့် ရာဇဝတ်မှုဖြစ်သည့်အပြင် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်ကျူးလွန်သောရာဇဝတ်မှု(Crimes Against Humanity)၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု (War Crimes)၊ လူမျိုးသုဉ်းသတ်ဖြတ်မှု(Genocide)စသည့် ရာဇဝတ်မှုများအားလုံး၏ သတ်မှတ်ချက်နှင့် အကျုံးဝင်သော ပြစ်မှုကျူးလွန်ခြင်းမျိုးဖြစ်ကြောင်း ရှင်းပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခံရခြင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ယခုနှစ်(၂၀၂၂)မေ ၁၂ ရက်အထိ ဖြစ်ရပ် ၁၁ ခုတွင်အပြစ်မဲ့ပြည်သူ ၁၇၀ ဦးခန့် သတ်ဖြတ်ခံခဲ့ရသည်။ သတင်းအချက်အလက်မရရှိ​သေး​သော စစ်​ကောင်စီကျူးလွန်​သော လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများလည်းရှိနိုင်​သေးပြီးပြည်သူများက အချက်​ပေးပိုကြရန် လူ့အခွင့်အ​ရေးဝန်ကြီးဌာနက ​ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီကလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ထား​သောဖြစ်ရပ်များ။ ။ကိုးကား-HR/NUG)

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook