Connect with us

Hi, what are you looking for?

News

နိုင်ငံရေးပုဒ်မတွေနဲ့ဖမ်းခံရသူတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေအချို့ခြိမ်းခြောက်ခံရ

စစ်ဆေးမေးမြန်းမှု ကိုအဟန့်အတားဖြစ်စေနိုင်လောက်ကို တရားလို ဖြစ်သူစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်မှုလုပ်တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က မန္တလေးလူထုကြီး ရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံ − AFP)

နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရသူတွေကို လိုက်လံဆောင်ရွက်ပေးတဲ့ရှေ့နေအချို့ ခြိမ်းခြောက်ခံရမှုတွေရှိနေတယ်လို့ ရှေနေ့အသိုင်းအဝိုင်းကနေသိရပါတယ်။

တရားလို ၊ သက်သေ တွေကို စစ်ဆေးမေးမြန်းတဲ့အခါ တရားခွင်မှာ ခြိမ်းခြောက်ခံရမှုတွေရှိတယ်လို့ မန္တလေးတိုင်းအတွင်းက ရှေ့နေတစ်ဦးကပြောပြပါတယ်။

စစ်ဆေးမေးမြန်းမှု ကိုအဟန့်အတားဖြစ်စေနိုင်လောက်ကို တရားလို ဖြစ်သူစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်မှုလုပ်တယ်လို့သိရပါတယ်။

“ရှေ့နေက သူ့အမှုသည်အတွက် သူ့အခွင့်အရေးအရ မေးမြန်းပြီဆိုရင် တရားလိုရဲက ရှေ့နေကို ဘာကိုအဲလောက်စစ်နေတာလဲ အိမ်မပြန်ချင်ဘူးလား၊ အဲလိုတွေပေါ်တင်ပြောတာ” လို့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေကို နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ခြိမ်းခြောက်ပြောဆိုမှုကို တရားသူကြီးတွေကြားသိပေမယ့် အရေးယူတာမျိုး တစုံတရာမရှိဘူးလို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို တရားခွင်ကအပြန် မှာစစ်ကောင်စီက ဖမ်းဆီးသွားခဲ့တာရှိပါတယ်။ အဲဒီနောက် PDF ကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အကြမ်းဖက်ပုဒ်မနဲ့တရားစွဲဆိုထားတာရှိပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း က မန္တလေးမှာပဲ ဥပဒေအကျိုးဆောင်လုပ်ငန်းက အမျိုးသမီး ရှေ့နေ ၄ ဦးအဖမ်းခံရတာဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။