Connect with us

Hi, what are you looking for?

News

PDFမန္တ​လေးနှင့်စစ်​ကောင်စီတပ် မတ္တရာတွင်တိုက်ပွဲ​လေးကြိမ်ဖြစ်၊ စစ်​ကောင်စီတပ် ၁၃ဦး​သေ

​ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး(PDF မန္တ​လေး)နှင့်စစ်​ကောင်စီတပ်တို့ မတ္တရာမြို့နယ်အတွင်း ​မေ ၂၄ ရက်ကတိုက်ပွဲ ​လေးကြိမ်ဖြစ်ပွားရာ စစ်​ကောက်စီတပ်မှ ၁၃ ဦး​သေဆုံးပြီး အများပြားဒဏ်ရာရရှိသွား​ကြောင်း PDF မန္တ​လေးကသတင်းထုတ်ပြန်သည်။

(PDFမန္တ​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF-MDY)

PDFမန္တ​လေးမှ ပြည်သူ့တပ်ဖွဲ့ဝင်များသည် မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးရေး နှင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်နေစဉ် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ နှင့် မေလ (၂၄) ရက်တစ်ရက်တည်းတိုက်ပွဲကြီး နှစ်ကြိမ်၊ တိုက်ပွဲငယ် နှစ်ကြိမ် စုစုပေါင်း လေးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်မှ(၁၃)ဦး သေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာ များစွာ ရရှိခဲ့ကြောင်း သိရှိရ​ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

(PDFမန္တ​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF-MDY)

သို့​သော် တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ​သေဆုံးထိ့ခိုက်မှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။စစ်​ကောင်စီကလည်း ထိုတိုက်ပွဲသတင်းထုတ်ပြန်ခြင်းမရှိ​ပေ။ စစ်​ကောင်စီ၏ ဝါဒဖြန့်မီဒီယာများ ၎င်းတို့ဘက်​သေဆုံးထိ့ခိုက်မှုရှိ​သော တိုက်ပွဲသတင်းများကိုထုတ်ပြန်​လေ့မရှိ​ပါ။

ထိုတိုက်ပွဲတွင်PDF မန္တလေးဘက်မှတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သည်ဟုလည်းပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး စစ်ဦးစီးအဖွဲ့ကပြည်သူသို့အသိ့​ပေးသည်။ PDF မန္တ​လေးသည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook