Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ပြည်သူ့လုံခြုံရေးအဖွဲ့တွင်မပါကြရန်တားမြစ် အဖွဲ့ နှင့်အဖွဲ့ဝင်များကိုစစ်ရေးနည်းဖြင့် အရေးယူမည်ဟု NUG ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် တားမြစ်ခြင်း ကြေညာချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

●အဖွဲ့ဝင်ရန်ဖိအားပေးခိုင်းစေခံရသည့် ပြည်သူများအဖွဲ့ကိုစွန့်ခွာပြီးPDFများထံသတင်းပို့လက်နက်အပ်ရန်အသိပေး

စစ်ကောင်စီကဖွဲ့စည်းသော “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” အမည်ခံ အဖွဲ့များနှင့် အဖွဲ့ဝင်များကို အရပ်သားအဖြစ် မှတ်ယူ၍မရတော့သည့်အတွက်အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ကြေညာလိုက်သည်။

စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် တားမြစ်ခြင်း ကြေညာချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့၌ ပါဝင်ရန် အတင်းအကြပ်ဖိအားပေး ခိုင်းစေခံရသော ပြည်သူများ အနေဖြင့် ၎င်းအဖွဲ့ကိုအမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက် ညှင်းပန်းနေသော စစ်ကောင်စီသည် တစတစ အင်အားပြုန်းတီးနေသည့် ၎င်းတို့၏ အကြမ်းဖက် စစ်တပ်အား ဖာထေးထောက်ကူနိုင်ရေး နိုင်ငံတဝန်း မြို့နယ်များတွင် အကြမ်းဖက်အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါတွင် “ပြည်သူ့လုံခြုံရေးအဖွဲ့”ဟု ၎င်းတို့ ခေါ်ဆိုသည့် အကြမ်းဖက်အဖွဲ့များကို မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများတွင် ဖွဲ့စည်းရန် ဆောင်ရွက်လာနေသည်ဟု ဆိုသည်။

ယခင်က ပျူစောထီး၊ သွေးသောက်၊ သွေးသစ္စာ၊ စွန်ရဲ စသော အမည်အမျိုးမျိုးဖြင့် အကြမ်းဖက် အဖွဲ့များ ဖွဲ့စည်းထားခဲ့ရာမှ ယခုအခါ စစ်ကောင်စီသည် ပြည်သူချင်း အကြမ်းဖက် ရန်ပြုစေလျက် ၎င်းအတွက် ထွက်ပေါက် ရှာဖွေရန် ရည်ရွယ်သည့် မူဝါဒတစ်ခု ချမှတ်ကာ ၎င်းကိုယ်တိုင် တိုက်ရိုက်စီမံ ကွပ်ကဲမည့်ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ရသော အကြမ်းဖက်အဖွဲ့ကို စစ်အုပ်စုအလိုတော်ရိ နိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့များ၏ ပါဝင်မှုဖြင့် ဖွဲ့စည်းရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကလည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကလည်း သတ်မှတ်ကြေညာထားပြီး ဖြစ်၍ စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ငန်းများတွင် ထောက်ကူပေးသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းလျက်ရှိပြီး ဥပဒေ နည်းလမ်း အရဖြစ်စေ၊ စစ်ရေးနည်းလမ်းအရဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးသည်။

စစ်ကောင်စီ ပြန်ကြားရေး၏ ထုတ်ဖော်ပြောဆိုချက်များအရ စစ်ကောင်စီသည် “ပြည်သူ့လုံခြုံရေးအဖွဲ့” အပါအဝင် အရပ်သားများပါဝင်သော ကာကွယ်ရေးစနစ် တနည်း ပြည်သူကို ပြည်သူနှင့် ပြန်ရန်တိုက်ပေးသည့် အကြမ်းဖက်စနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပါဝင် ဆောင်ရွက်သူများအား စစ်ပညာသင်ကြားပေးခြင်း၊ အကြမ်းဖက်နည်းလမ်းများ ပို့ချခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီးဖြစ် သကဲ့သို့ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ အဖွဲ့၏ ဖွဲ့စည်းပုံ၊ ပါဝင်သည့် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ် များနှင့် ပတ်သက်သည့် သက်သေများ ရရှိထားသည်ဟုဆိုသည်။

ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီက “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” ဟုဆိုကာ အင်အား စုဆောင်းလာမှုကို လုံးဝလက်မခံ၊ ဆန့်ကျင်ကြပါရန်နှင့် မိမိတို့ရပ်ရွာအတွင်း အကြမ်းဖက်အဖွဲ့ဝင် ထောက်တိုင် များအဖြစ် ပါဝင်ဆောင်ရွက်နေမှုများကို သိရှိရပါက တိုင်ကြားရန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်ကြားရန် ဆက်သွယ်ရမည့် လိပ်စာများကို ဖော်ပြထားရာ တယ်လီဂရမ်(telegram) အမည် ” info2mod ” သို့လည်းကောင်း၊ အီးမေးလ်(email) လိပ်စာ ” info2mod@protonmail.com ” သို့လည်းကောင်း၊ အထောက်အထားများနှင့်တကွ သတင်းပေးပို့ တိုင်ကြားနိုင်သည်ဟု ကြေညာ ထားသည်။

ကချင်ဒေသတွင်လည်း စစ်ကောင်စီတပ်သည် နိုင်ငံရေးပါတီ အချို့ကို ပြည်သူ့စစ်ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးထားရာ အဆိုပါ အဖွဲ့များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ရေးအရ ရန်သူအဖြစ်သတ်မှတ်ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။