Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက် မြန်မာလုပ်သားများအတွက် ပြည်ပအလုပ်အကိုင်အသိအမှတ် ပြုကတ် (OERC)ထုတ်ပေးမည်ဟု NUG ကြေညာ

ပြည်ပရောက်မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူမည်ဖြစ်ပြီး ဖြည့်သွင်းထားသော အချက်အလက်များကို စိစစ်အတည်ပြု၍ OERC ထုတ်ပေးမည်ဟု ကြေညာချက်၌ ဖော်ပြသည်။

ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ပြည်ပ အလုပ် အကိုင်အသိအမှတ်ပြုကတ်(OERC)ထုတ်ပေးမည်ဖြစ်ကြောင်း NUG အလုပ်သမားရေးရာဝန်ကြီး ဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။

ပြည်ပရောက်မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူမည်ဖြစ်ပြီး ဖြည့်သွင်းထားသော အချက်အလက်များကို စိစစ်အတည်ပြု၍ OERC ထုတ်ပေးမည်ဟု ကြေညာချက်၌ ဖော်ပြသည်။

NUG အလုပ်သမားရေးရာဝန်ကြီးဌာနက ယင်းသို့လုပ်ဆောင်ခြင်းမှာ ပြည်ပနိုင်ငံများတွင် အမှန်တကယ်ရောက်ရှိလုပ်ကိုင်နေသူဦးရေကို ခန့်မှန်းသိရှိနိုင်ရန်၊ ပိုမိုကောင်းမွန်သည့် ပြည်ပအလုပ် အကိုင်ဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိလုပ်ကိုင်နေသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို လျင်မြန်ထိရောက်စွာ ချိတ်ဆက်ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် နွေဦးတော်လှန်ရေးကြားကာလအတွင်း NUG ပြည်သူ့အစိုးရအား ထောက်ခံသည့် အင်အားတစ်ရပ်အနေဖြင့် ပါဝင်နိုင်ရန်နှင့် နွေဦးတော်လှန်ရေး ဘဏ္ဍာရန်ပုံငွေ ရရှိရန်၊ သက်ဆိုင်ရာ ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ပေးရာတွင် အထောက်အထားတစ်ရပ်အနေဖြင့် အသုံးပြုနိုင်ရန်စသည်တို့အတွက်လည်း NUGက ရည်ရွယ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါလုပ်ငန်းစဉ်ကို အွန်လိုင်းမှလုပ်ဆောင်မည်ဖြစ်ပြီး တာဝန်ယူကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်း၊ ကိုယ်စားလှယ်ပုဂ္ဂိုလ် အမည်များနှင့် အသေးစိတ်အစီအစဉ်ကို နိုင်ငံအလိုက် သီးခြားစီ ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook