Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက်မြန်မာများ၏ ထည့်ဝင်ငွေဖြင့် NUGကို (၈)ကြိမ်မြောက် ဒေါ်လာ ၁သိန်း ထပ်မံထောက်ပံ့

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

ကိုရီးယားရောက်မြန်မာနိုင်ငံသားအဖွဲ့

တောင်ကိုရီးယားရောက်မြန်မာများ၏ ထည့်ဝင်ငွေဖြင့် NUGကို (၈)ကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ထပ်မံထောက်ပံ့ခဲ့ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ယနေ့သတင်းထုတ်ပြန်သည်။

လစာ၏ တစ်ရက်ဝင်ငွေထည့်ဝင်ခြင်းလှုပ်ရှားမှု ONE DAY CHALLENGE တွင် ကိုရီးယားရောက်မြန်မာနိုင်ငံသား အဖွဲ့ဝင် ၁၇၈၇ဦး ရှိပြီး လစဉ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၆၇,၈၃၀,၀၀၀ ထောက်ပံ့ပေးနိုင်မည်ဟု ဆိုသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

ONE DAY CHALLENGE

ထို့အပြင် One Day Challenge ထောက်ပံ့ငွေဖြင့် NUG အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ (ကျပ်၅၉၄သိန်း)တန်ဖိုးရှိ ကျည်အရေအတွက် ၁၃,၅၀၀ ကိုထောက်ပံ့ခဲ့ပြီး မြေပြင် LPDF အဖွဲ့ ၄၉ ဖွဲ့ကိုလည်း NUG ၏ ထောက်ပံ့ ကူညီငွေအဖြစ် ကျပ်သိန်း ၉၈၀ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ONE DAY CHALLENGE ထောက်ပံ့ငွေကို NUG ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲနေကြောင်း NUG က ကြေညာသည်။

NUG သည် လစဉ်ရန်ပုံငွေထည့်ဝင် ထောက်ပံ့ပေးနေသည့် ONE DAY CHALLENGE မင်ဘာ၀င်များ၏ ထည့်ဝင်ငွေများကို အခွန်ငွေအဖြစ် သတ်မှတ်ပြီး ၆ လ တစ်ကြိမ် အခွန်ခံစားခွင့် ဂုဏ်ပြု လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ