Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားရောက်မြန်မာများ၏ ထည့်ဝင်ငွေဖြင့် NUGကို (၈)ကြိမ်မြောက် ဒေါ်လာ ၁သိန်း ထပ်မံထောက်ပံ့

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

ကိုရီးယားရောက်မြန်မာနိုင်ငံသားအဖွဲ့

တောင်ကိုရီးယားရောက်မြန်မာများ၏ ထည့်ဝင်ငွေဖြင့် NUGကို (၈)ကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ထပ်မံထောက်ပံ့ခဲ့ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ယနေ့သတင်းထုတ်ပြန်သည်။

လစာ၏ တစ်ရက်ဝင်ငွေထည့်ဝင်ခြင်းလှုပ်ရှားမှု ONE DAY CHALLENGE တွင် ကိုရီးယားရောက်မြန်မာနိုင်ငံသား အဖွဲ့ဝင် ၁၇၈၇ဦး ရှိပြီး လစဉ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၆၇,၈၃၀,၀၀၀ ထောက်ပံ့ပေးနိုင်မည်ဟု ဆိုသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား) သည် ၂၀၂၁ သြဂုတ်မှ လက်ရှိအချိန်အထိ NUG ကို လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို (၈)ကြိမ် ပေးပို့ခဲ့ပြီးဖြစ်သည်။

ONE DAY CHALLENGE

ထို့အပြင် One Day Challenge ထောက်ပံ့ငွေဖြင့် NUG အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ (ကျပ်၅၉၄သိန်း)တန်ဖိုးရှိ ကျည်အရေအတွက် ၁၃,၅၀၀ ကိုထောက်ပံ့ခဲ့ပြီး မြေပြင် LPDF အဖွဲ့ ၄၉ ဖွဲ့ကိုလည်း NUG ၏ ထောက်ပံ့ ကူညီငွေအဖြစ် ကျပ်သိန်း ၉၈၀ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ONE DAY CHALLENGE ထောက်ပံ့ငွေကို NUG ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲနေကြောင်း NUG က ကြေညာသည်။

NUG သည် လစဉ်ရန်ပုံငွေထည့်ဝင် ထောက်ပံ့ပေးနေသည့် ONE DAY CHALLENGE မင်ဘာ၀င်များ၏ ထည့်ဝင်ငွေများကို အခွန်ငွေအဖြစ် သတ်မှတ်ပြီး ၆ လ တစ်ကြိမ် အခွန်ခံစားခွင့် ဂုဏ်ပြု လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။