Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

Non-CDM ဆရာ၊ ဆရာမများအား အာဏာရူးလူတစ်စု၏ နောက်လိုက်အပေါင်းအပါများအဖြစ် သတ်မှတ်ကြောင်း နန်းမား PDFကြေညာ

Non-CDM ဆရာ၊ဆရာမများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိဘဲ အာဏာရူးစစ်ကောင်စီ လူတစ်စု၏ ယန္တရားတွင်ပါဝင်ကာ ပြည်သူနှင့်တကွ ဘ၀တူ ပြည်သူ့ဝန်ထမ်းများအား သစ္စာဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဓမ္မနှင့်အဓမ္မကို မခွဲခြားတက်သည့်အပြင် တိုင်းပြည်အနာဂတ်ကို နွံထဲဆွဲချနေသည့်လုပ်ရပ်ဖြစ်ဟုဆို

ဓမ္မနှင့်အဓမ္မကို မခွဲခြားတက်သည့်အပြင် တိုင်းပြည်အနာဂတ်ကို နွံထဲဆွဲချနေသည့်လုပ်ရပ်ဖြစ်ဟုဆို

စစ်ကောင်စီ၏ အာဏာရှင်စနစ်အောက်ကျောင်းဖွင့်ရန် ကြိုးစားနေသည့် Non-CDM ဆရာ၊ဆရာမများအား အာဏာရူးလူတစ်စု၏ နောက်လိုက်အပေါင်းအပါများအဖြစ် သတ်မှတ်ကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)-နန်းမားက ထုတ်ပြန်သည်။

နန်းမားဒေသတွင်းရှိ Non-CDM ဆရာ၊ဆရာမများသည် နန်းမားမြို့ ပညာရေးလောက၏ လောက်ကောင်၊မများအဖြစ် သတ်မှတ်ကြောင်းလည်း ကြေညာခဲ့သည်။

Non-CDM ဆရာ၊ဆရာမများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိဘဲ အာဏာရူးစစ်ကောင်စီ လူတစ်စု၏ ယန္တရားတွင်ပါဝင်ကာ ပြည်သူနှင့်တကွ ဘ၀တူ ပြည်သူ့ဝန်ထမ်းများအား သစ္စာဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၎င်းတို့သည် အာဏာလုစစ်ကောင်စီမှ ဖွင့်လှစ်သော စွမ်းရည်နိမ့် သင်တန်းအား တက်ရောက်ခဲ့ပြီး ယခုအခါတွင်လည်း အဆင့်မမှီ ပြည့်၀ခြင်းမရှိသော ပညာရေးစနစ်အား နိုင်ငံ့အနာဂတ် လူငယ်များကို သင်ကြားရန် ပြုလုပ်နေခြင်း၊ ဓမ္မနှင့် အဓမ္မတို့ကို မခွဲခြားတက်ဘဲ တိုင်းပြည်အနာဂတ်ကိုပါ နွံထဲသို့ဆွဲချနေခြင်း တို့ကြောင့် အများပြည်သူလူထု များကြားတွင် ခေါင်းမဖော် အရှက်ရစေရုံသာမကဘဲ ပြင်းထန်သောလူမှုရေးပြစ်ဒဏ်ပေးကြရန် နန်းမား PDFက ထုတ်ပြန်သည်။

ထို့ပြင် ဒေသတွင်းရှိ Non-CDM ဆရာ/ဆရာမ များသည် အပြစ်မဲ့ ပြည်သူလူထုအား ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသော အာဏာရူး လူတစ်စု၏ နောက်လိုက် အပေါင်းအပါများအဖြစ် မှတ်ယူကြောင်း ဖော်ပြထားသည်။

ဖြစ်လာမည့် အကျိုးဆက်အတွက် တာဝန်ယူမည်မဟုတ်ကြောင်းလည်း နန်းမား PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။