Connect with us

Hi, what are you looking for?

သတင်း

Non-CDM ဆရာ၊ ဆရာမများအား အာဏာရူးလူတစ်စု၏ နောက်လိုက်အပေါင်းအပါများအဖြစ် သတ်မှတ်ကြောင်း နန်းမား PDFကြေညာ

Non-CDM ဆရာ၊ဆရာမများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိဘဲ အာဏာရူးစစ်ကောင်စီ လူတစ်စု၏ ယန္တရားတွင်ပါဝင်ကာ ပြည်သူနှင့်တကွ ဘ၀တူ ပြည်သူ့ဝန်ထမ်းများအား သစ္စာဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဓမ္မနှင့်အဓမ္မကို မခွဲခြားတက်သည့်အပြင် တိုင်းပြည်အနာဂတ်ကို နွံထဲဆွဲချနေသည့်လုပ်ရပ်ဖြစ်ဟုဆို

ဓမ္မနှင့်အဓမ္မကို မခွဲခြားတက်သည့်အပြင် တိုင်းပြည်အနာဂတ်ကို နွံထဲဆွဲချနေသည့်လုပ်ရပ်ဖြစ်ဟုဆို

စစ်ကောင်စီ၏ အာဏာရှင်စနစ်အောက်ကျောင်းဖွင့်ရန် ကြိုးစားနေသည့် Non-CDM ဆရာ၊ဆရာမများအား အာဏာရူးလူတစ်စု၏ နောက်လိုက်အပေါင်းအပါများအဖြစ် သတ်မှတ်ကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)-နန်းမားက ထုတ်ပြန်သည်။

နန်းမားဒေသတွင်းရှိ Non-CDM ဆရာ၊ဆရာမများသည် နန်းမားမြို့ ပညာရေးလောက၏ လောက်ကောင်၊မများအဖြစ် သတ်မှတ်ကြောင်းလည်း ကြေညာခဲ့သည်။

Non-CDM ဆရာ၊ဆရာမများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိဘဲ အာဏာရူးစစ်ကောင်စီ လူတစ်စု၏ ယန္တရားတွင်ပါဝင်ကာ ပြည်သူနှင့်တကွ ဘ၀တူ ပြည်သူ့ဝန်ထမ်းများအား သစ္စာဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၎င်းတို့သည် အာဏာလုစစ်ကောင်စီမှ ဖွင့်လှစ်သော စွမ်းရည်နိမ့် သင်တန်းအား တက်ရောက်ခဲ့ပြီး ယခုအခါတွင်လည်း အဆင့်မမှီ ပြည့်၀ခြင်းမရှိသော ပညာရေးစနစ်အား နိုင်ငံ့အနာဂတ် လူငယ်များကို သင်ကြားရန် ပြုလုပ်နေခြင်း၊ ဓမ္မနှင့် အဓမ္မတို့ကို မခွဲခြားတက်ဘဲ တိုင်းပြည်အနာဂတ်ကိုပါ နွံထဲသို့ဆွဲချနေခြင်း တို့ကြောင့် အများပြည်သူလူထု များကြားတွင် ခေါင်းမဖော် အရှက်ရစေရုံသာမကဘဲ ပြင်းထန်သောလူမှုရေးပြစ်ဒဏ်ပေးကြရန် နန်းမား PDFက ထုတ်ပြန်သည်။

ထို့ပြင် ဒေသတွင်းရှိ Non-CDM ဆရာ/ဆရာမ များသည် အပြစ်မဲ့ ပြည်သူလူထုအား ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသော အာဏာရူး လူတစ်စု၏ နောက်လိုက် အပေါင်းအပါများအဖြစ် မှတ်ယူကြောင်း ဖော်ပြထားသည်။

ဖြစ်လာမည့် အကျိုးဆက်အတွက် တာဝန်ယူမည်မဟုတ်ကြောင်းလည်း နန်းမား PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။