Connect with us

Hi, what are you looking for?

သတင်း

လေးကေကော်ကို BGF တွေဝင်လာနေတာကြောင့် တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ KNLA ပြော

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီဟာ BGF တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

KNLA

ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသထဲကို နယ်ခြားစောင့်တပ်(BGF)တပ်တွေရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှုတွေရှိနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

လတ်တလောမှာ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မယ်ထော်သလေး၊ ထီးမယ်ဝါးခီး၊ ဖလူးနဲ့ လေးကေကော်ဒေသထဲကို စစ်ကောင်စီလက်အောက်ခံ BGF အမှတ်(၁၀၁၈)နဲ့ အမှတ်(၁၀၁၉) တပ်ရင်းနှစ်ရင်းက အင်အား (၃၀၀)ကျော်ဟာ စစ်ရေးအင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီလို BGFတပ်တွေက တပ်မဟာ ၆ နယ်မြေထဲကို တပ်အင်အားတိုးချဲ့မှုတွေ လုပ်ဆောင်နေတဲ့အပေါ် KNLA ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ကြားသိရပြီး ဒီအပေါ်မှာ သတိကြီးကြီးထားကာ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က ဆိုပါတယ်။

“သတိကြီးကြီးထားပြီးတော့ ဒါကျနော်တို့ဆောင်ရွက်နေပါတယ်ဗျ။ ကျနော်တို့ကတော့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ သူတို့ တက်လာရင်ပေါ့လေ ဒါကတော့ ထိတွေ့မှုတော့ရှိမှာပါ” လို့ ပူးပေါင်းတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ BGF တပ်တွေဟာ လေးကေကော်ဒေသအနီးက ဖလူးဘက်ကိုရောက်ရှိနေပြီး စစ်ကောင်စီတပ်နဲ့အတူ သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း BGFနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီဟာ BGF တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

BGF အမှတ်(၁၀၁၈)နဲ့ အမှတ်(၁၀၁၉)တပ်ရင်းတွေဟာ ပြီးခဲ့တဲ့မေလအစောပိုင်းက KNLA တပ်မဟာ ၅ ဖာပွန်ခရိုင်ထဲကနေ ပြန်လည်ရုတ်သိမ်းဆုတ်ခွာလာတဲ့ တပ်တွေဖြစ်ကြပြီး အဲ့ဒီလိုပြန်လည်ရုတ်သိမ်းသွားတာဟာ တပ်မဟာ ၆ နယ်မြေထဲကို စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားရမှာဖြစ်တယ်လို့ တပ်မဟာ ၅ ဗျူဟာမှူးက ပြောကြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။