Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လေးကေကော်ကို BGF တွေဝင်လာနေတာကြောင့် တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ KNLA ပြော

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီဟာ BGF တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

KNLA

ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသထဲကို နယ်ခြားစောင့်တပ်(BGF)တပ်တွေရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှုတွေရှိနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

လတ်တလောမှာ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မယ်ထော်သလေး၊ ထီးမယ်ဝါးခီး၊ ဖလူးနဲ့ လေးကေကော်ဒေသထဲကို စစ်ကောင်စီလက်အောက်ခံ BGF အမှတ်(၁၀၁၈)နဲ့ အမှတ်(၁၀၁၉) တပ်ရင်းနှစ်ရင်းက အင်အား (၃၀၀)ကျော်ဟာ စစ်ရေးအင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီလို BGFတပ်တွေက တပ်မဟာ ၆ နယ်မြေထဲကို တပ်အင်အားတိုးချဲ့မှုတွေ လုပ်ဆောင်နေတဲ့အပေါ် KNLA ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ကြားသိရပြီး ဒီအပေါ်မှာ သတိကြီးကြီးထားကာ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က ဆိုပါတယ်။

“သတိကြီးကြီးထားပြီးတော့ ဒါကျနော်တို့ဆောင်ရွက်နေပါတယ်ဗျ။ ကျနော်တို့ကတော့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ သူတို့ တက်လာရင်ပေါ့လေ ဒါကတော့ ထိတွေ့မှုတော့ရှိမှာပါ” လို့ ပူးပေါင်းတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ BGF တပ်တွေဟာ လေးကေကော်ဒေသအနီးက ဖလူးဘက်ကိုရောက်ရှိနေပြီး စစ်ကောင်စီတပ်နဲ့အတူ သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း BGFနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီဟာ BGF တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

BGF အမှတ်(၁၀၁၈)နဲ့ အမှတ်(၁၀၁၉)တပ်ရင်းတွေဟာ ပြီးခဲ့တဲ့မေလအစောပိုင်းက KNLA တပ်မဟာ ၅ ဖာပွန်ခရိုင်ထဲကနေ ပြန်လည်ရုတ်သိမ်းဆုတ်ခွာလာတဲ့ တပ်တွေဖြစ်ကြပြီး အဲ့ဒီလိုပြန်လည်ရုတ်သိမ်းသွားတာဟာ တပ်မဟာ ၆ နယ်မြေထဲကို စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားရမှာဖြစ်တယ်လို့ တပ်မဟာ ၅ ဗျူဟာမှူးက ပြောကြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။